မန္တလေးမြို့ မစိုးရိမ်ဘုန်းကြီးကျောင်းရှိ ဒေါ်အောင်ဆန်းစုကြည်ရုပ်တု ဖျက်ဆီးခံရ

//s9.kh1.co/c1/c13d67754a28f083494241e7c7479b00aec9518b.jpg
နေ့စဉ်သတင်းများ

 ၁၅-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

မန္တလေးမြို့ မစိုးရိမ်ဘုန်းကြီးကျောင်းရှိ ဒေါ်အောင်ဆန်းစုကြည်ရုပ်တု ဖျက်ဆီးခံရ

အောက်တိုဘာလ (၁၄) ရက် မနက် ၄ နာရီကျော်အချိန်ခန့်က မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ်ရှိ ကံတက်ကုန်းမစိုးဘုန်းကြီးကျောင်းတိုက်တွင် စိုက်ထူထားသော ဒေါ်အောင်ဆန်းစုကြည်ရုပ်ထုကို အမည်မသိ လူတစ်စုက လာရောက်ဖျက်ဆီးသွားတယ်လို့ သိရှိရပါတယ်။

Facebook
Facebook
Facebook
Facebook

ဖြစ်စဉ်က မဟာအောင်မြေမြို့နယ် ၅၅ လမ်း ၊ ၄၀ x ၄၁ လမ်းကြားတွင်ရှိသော ဘုန်းကြီးကျောင်းအရှေ့ကို အမည်မသိ လူတစ်စုက ကားများဖြင့် ရောက်ရှိလာပြီး ကျောင်းဝင်းတံခါးကို ဖျက်ဆီးကာ ရုပ်တုကို ဖျက်ဆီးသွားတာဖြစ်ကြောင်း ကျောင်းဝန်းနှင့် နီးစပ်ရာတွင်နေထိုင်သူများ ပြောဆိုချက်အရ သိရှိရပါတယ်။

Facebook
Facebook

ဝင်ရောက်ဖျက်ဆီးခဲ့တဲ့ လူအရေအတွက်က စုစုပေါင်း အယောက် ၃၀ လောက်ရှိတယ်လို့သိရပြီး စုစုပေါင်းကြာချိန်တစ်မိနစ်လောက်ပဲရှိတယ်လို့ မျက်မြင်တွေ့သူတစ်ဦးကပြောဆိုထားပါတယ်။ ဖျက်ဆီးသွားသူများရဲ့ ပုံစံက အပေါ်ပိုင်း အင်္ကျီဗလာများနှင့်ဖြစ်ပြီး တုတ်တွေဓားတွေပါ ပါတာကြောင့် ကြိုတင်ကြံစည်ထားတဲ့ လုပ်ရပ်ဖြစ်တယ်လို ယူဆရကြောင်း ဖျက်ဆီးပြီးပြီးချင်း အသင့်စောင့်နေတဲ့ ကားတွေပေါ် တတ်ပြီးထွက်သွားကြတယ်လို့ နီးစပ်သူများအဆိုအရ သိရှိရပါတယ်။

လမ်းဘေးတွင်ထားထားသည့်ရုပ်တုမဟုတ်ဘဲ သံဃာ၊ လူ အယောက် (၂၀၀)ဝန်းကျင်ခန့်ရှိသည့် ဘုန်းကြီးကျောင်းတိုက်တစ်ခုအတွင်း အခုလို ဝင်ရောက်ဖျက်ဆီးသွားခြင်းမှာ မိုက်ရိုင်းယုတ်ညံ့သည့် လုပ်ရပ်ဖြစ်ကြောင်း နီးစပ်သူတွေက ပြောပါတယ်။ ရုပ်တုသည် ဒေါ်အောင်ဆန်းစုကြည်၏ ၇၃ နှစ်မြောက်မွေးနေ့ အထိန်းအမှတ်အဖြစ် ၂၀၁၈ ခုနှစ် ဇွန်လတွင် စိုက်ထူခဲ့သော ရုပ်တုဖြစ်ကြောင်း သိရှိရပါတယ်။

Credit to Original Uploader

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T