ရန်ကုန်တိုင်း ဒဂုံမြို့သစ်(အရှေ့)ပိုင်း တွင် ဆောက်လုပ်ဆဲ အဆောက်အဦးပြိုကျခဲ့တဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့မှ လူများကယ်ထုတ်နေရ

//s9.kh1.co/a0/a010c3bf54a206fa7400e46ce63101c2020ebae3.jpg
နေ့စဉ်သတင်းများ

 ၁၅-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အကုန်လုံးကို ကယ်ထုတ်လို့ရပြီး အားလုံးဘေးကင်းကြပါစေ.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ယနေ့ အောက်တိုဘာ (၁၅)ရက်နေ့ မနက်ပိုင်း (၉)နာရီကျော်ခန့် က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့)ပိုင်းမြို့နယ်၊ (၆) ရပ်ကွက်၊ မေယုလမ်းထိပ်၊ ကျန်စစ်သားလမ်းနှင့် မေယုလမ်းထောင့် မှာလက်ရှိဆောက်လုပ်နေဆဲဖြစ်တဲ့ အဆောက်အဦးတစ်ခုဟာ ပြိုကျခဲ့ပါတယ်။ပတ်ဝန်းကျင်ရှိ ပြည်သူများသတင်းပေးချက်အရ ကယ်ဆယ်ရေးများ ရောက်ရှိလာခဲ့ကြတာဖြ စ်ပါတယ်။

Photo Credit From Aung Lay
Photo Credit From Aung Lay
Photo Credit From Aung Lay
Photo Credit From Aung Lay

ကယ်ဆယ်ရေးအနေနဲ့ ဒဂုံမြို့သစ်(အရှေ့)ပိုင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ Emergency Medical Service သူနာတင်ယာဉ်(၂)စီး၊ ရှာဖွေကယ်ဆယ်ရေးအထူးတပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ Lifting Vehicle Rescue Truck ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြပါတယ်။

Photo Credit From Aung Lay
Photo Credit From Aung Lay
Photo Credit From Aung Lay
Photo Credit From Aung Lay

လက်ရှိမှာ ထိုသို့ပြိုကျမှုကြောင့် အဆောက်အဦးထဲတွင် ပိတ်မိသူများ ရှိနေကြောင်း ကယ်ဆယ်ရေးများ က ဆိုလာပါတယ်။၎င်းတို့လည်း ပိတ်မိနေတဲ့ ပြည်သူများကို အတတ်နိုင်ဆုံးကယ်တင်နေကြောင်း ဆိုလာပါတယ်။လက်ရှိမှာလည်း အမျိုးသား(၃)ဦးအားအသက်ရှင်လျက်ကယ်ဆယ်ထားခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေကြတယ်လို့သတင်းရရှိပါတယ်။

Photo Credit From Aung Lay
Photo Credit From Aung Lay
Photo Credit From Aung Lay
Photo Credit From Aung Lay
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T