ယနေ့မနက်ပိုင်း သာကေတမြို့နယ်က "J-OO" အထည်အလိပ်စက်ရုံမှာ မီးလောင်ခဲ့လို့ Level -3 နဲ့တောင် ထွက်ခွာငြှိမ်းသတ်ခဲ့ရတဲ့ ရုပ်သံဖိုင်

//s9.kh1.co/1d/1d2fb1a9636b79ee3cc45ea1e4718541ce5570c2.jpg
နေ့စဉ်သတင်းများ

 ၁၅-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ယခုနှစ်ကာလအတွင်းမှာ ရန်ကုန်တိုင်းအပါအဝင် အခြားမြို့တွေမှာ မီးလောင်မှုတွေ ပိုမိုဖြစ်ပွားလာတာ တွေ့ရပါတယ်။ ဒီကနေ့ အောက်တို့ဘာ (၁၅) ရက်နေ့မှာလည်း ရန်ကုန်တိုင်းအတွင်း ဆိုးဆိုးဝါးဝါး မီးလောင်မှုဖြစ်ပွားခဲ့ကြောင့် ထပ်မံကြားသိရပါတယ်။ ဒီတစ်ခါ မီးလောင်မှုဖြစ်ပွားခဲ့တာကတော့ သာကေတမြို့နယ်၊ စက်မှုလက်မှုရပ်ကွက်၊ မြမာလာလမ်းတွင်ရှိသော J-OO အထည်အလိပ်စက်ရုံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - MSFD
Photo Credit - MSFD
Photo Credit - MSFD
Photo Credit - MSFD
Photo Credit - MSFD
Photo Credit - MSFD

မြန်မာနိုင်ငံမီးသတ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မနက် (၁)နာရီအချိန်မှာ (Level -1)ယာဥ်အုပ်ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး မီးလောင်ကျွမ်းမှု ပိုမိုကျယ်ပြန့်လာတာကြောင့် (၁)နာရီ (၂၀)မိနစ်နှင့် (၄)နာရီ(၈) မိနစ်လောက်တွေမှာ (Level - 2/3) ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရပါတယ်။ မနက် (၆) နာရီ (၅) မိနစ်လောက်မှာ မီးထိန်းနိုင်ခဲ့ပြီး (၇)နာရီ (၁၀)မိနစ်မှာ မီးငြိမ်းသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

Photo Credit - MSFD
Photo Credit - MSFD
https://s9.kh1.co/__image/w=600,h=450,q=100/8f/8f08ac6e804d20b3681fd0695ace0e2a5a2bc51d.jpg
Photo Credit - MSFD
Photo Credit - MSFD

မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးရတဲ့ တန်ဖိုးကို လက်ရှိအချိန်ထိ ဖော်ပြထားခြင်းမရှိသေမယ့် စက်ရုံတစ်ရုံလုံးနီးပါးလောက် ပျက်စီး သွားခဲ့တယ်လို့ သိရပါတယ်။ ပြည်သူတစ်ဦးရဲ့ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်အရ စက်ရုံအတွင်းမှာ မီးအားပြင်းတာကြောင့် မီးသတ်သမားတွေအတော်လေးကို ဂရုတစိုက်နဲ့ ငြှိမ်းသတ်ခဲ့ကြရတာ တွေ့ရပါတယ်။ အဆိုပါစက်ရုံရဲ့ အနီးပတ်ဝန်းကျင်မှာလည်း လူနေအိမ်အများအပြား ရှိတာကိုလည်း တွေ့ရပါတယ်။

Photo Credit - MSFD
Photo Credit - MSFD
Photo Credit - MSFD
Photo Credit - MSFD

သတင်း အရင်းအမြစ်Source -MSFD/ Hein Khant Kyaw

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T