အသက်(၉၀)အရွယ်ရှိသည့်တိုင်အောင် ငှက်ပျောသီးရောင်းရင်း ဘဝကိုရုန်းကန်နေရတဲ့ ဘွားဘွားဆီ ငှက်ပျောသီးများဝယ်ပေးကြပါလို့တိုက်တွန်းလိုက်တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/e1/e1db950e590f0fd316c67a772a2adb389638b5a3.jpg
နေ့စဉ်သတင်းများ

 ၁၅-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ဘွားဘွားကိုတွေ့ရင် အားပေးလိုက်ကြပါဦးနော်... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ယခုလို နိုင်ငံရေးအဆင်မပြေဖြစ်တဲ့ကာလမှာ နိုင်ငံရေးနှင့်အတူ ပြည်သူများရဲ့ စီးပွာရေး အဆင်မပြေမှုများ များစွာဖြစ်လာခဲ့ကြပါတယ်။အချို့သော စီးပွားရေးလုပ်ငန်းများမှာလည်းရပ်နားလိုက်ရတဲ့အထိကို ထိခိုက်ဆုံးရှုံးမှုများစွာရှိခဲ့ပါတယ်။လူတန်းစားပေါင်းစုံအလွှာပေါင်းစုံဟာ စီးပွားရေးရဲ့ ရိုက်ခတ်မှုဒဏ်ကိုခံစားနေကြရပါတယ်။

 Photo Credit From Google
 Photo Credit From Google

အခြေခံလူတန်းစားများရဲ့ ဘဝမှာလည်း တစ်နေ့တစ်နေ့ပိုမိုခက်ခဲလာကြပြီး နေ့စဉ်ဝင်ငွေ ရရှိ ဖို့ကလည်း အင်မတန်ခက်ခဲလာကြတာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ အသက်အရွယ်မရွေး စားဝတ်နေရေးအတွက် အလုပ်များလုပ်ကိုင်လာကြရတာဖြစ်ပါတယ်။

 Photo Credit From Google
 Photo Credit From Google

ယခုလည်း ကျောက်မြောင်းမြို့နယ်ရှိ တာမွေယာယီဈေးမှာ အသက်(၉၀)အရွယ်ရှိ အဘွားတစ်ယောက်ဟာ ငှက်ပျောသီးရောင်းရင်းအသက်မွေးဝမ်းကြောင်းပြုနေခဲ့တာဖြစ်ပါတယ်။သူမဟာ နီးစပ်ရာမှာ ရှိတဲ့ ပြည်သူတစ်ဦးထံ အားပေးရန် အကူအညီတောင်းခံရာမှ ထိုပြည်သူက သူမရဲ့ Facebookစာမျက်နှာပေါ်မှာ ၎င်းအဘွားအား ဈေးဝယ်ခြင်းဖြင့်အားပေးကူညီရန် မေတ္တာရပ်ခံလာတာဖြစ်ပါတယ်။ထိုဘွားဘွား က အိမ်ကို စောစောပြန်ချင်သရွေ့ သူမအားဝယ်ပါဦးလို့လာမေးရာမှ သူမကစတင်သတိထားမိပြီး ဘွားဘွားအကြောင်းအားမေးမြန်းခဲ့ရာ ဘွားဘွားမှာ သားရှိခဲ့ပေမယ့် ထိုသားဟာ ဆုံးပါးသွားတာကြောင့်လက်ရှိမှာ သူမအနေနဲ့ဝမ်းရေးကို ကိုယ်တိုင်ရှာဖွေနေရတယ်လို့ ဝမ်းနည်းဖွယ်ဆိုလာပါတယ်။ဘွားဘွားကို တာမွေကျောက်မြောင်းဘက်မှာတွေ့ရင်လည်းဝိုင်းကူပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်နော်။

 Photo Credit From ORIGINAL UPLOADER
 Photo Credit From ORIGINAL UPLOADER
 Photo Credit From ORIGINAL UPLOADER
 Photo Credit From ORIGINAL UPLOADER
 Photo Credit From ORIGINAL UPLOADER
 Photo Credit From ORIGINAL UPLOADER
 Photo Credit From ORIGINAL UPLOADER
 Photo Credit From ORIGINAL UPLOADER
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T