လူပေါင်း ၂၅ ဦးသေဆုံးသွားတဲ့ ထိုင်ဝမ်က ဒီကနေ့မီးလောင်မှုဖြစ်စဉ်

//s9.kh1.co/58/580fe174299392dbbdb091884d86d5e4ffe2e91f.jpg
နေ့စဉ်သတင်းများ

 ၁၄-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

လူပေါင်း ၂၅ ဦးသေဆုံးသွားတဲ့ ထိုင်ဝမ်က ဒီကနေ့မီးလောင်မှုဖြစ်စဉ်

ယနေ့အောက်တိုဘာလ ၁၄ ရက်နေ့မှာ ထိုင်ဝမ်နိုင်ငံတောင်ပိုင်း ၊ Kaohsiung မြို့ ပေါ်က အဆောက်အအုံ တစ်ခုမှာ မီးလောင်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် အနည်းဆုံး လူ ၂၅ ဦးသေဆုံးခဲ့ပြီး လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မီးသတ်သမားတွေက အချိန်မီ မီးငြိမ်းဖို့ ကြိုးစားပေမယ့်လည်း သေဆုံးသွားတဲ့သူတွေကို မကယ်တင်နိုင်လိုက်ပါဘူး။

Google
Google

မီးလောင်မှုဖြစ်စဉ်က ဒီကနေ ထိုင်ဝမ်စံတော်ချိန် ညနေ ၃ နာရီမှာ ဖြစ်ခဲ့တာဖြစ်ပြီး မီးလောင်တဲ့အဆောက်အအုံမှာ လူတွေနေထိုင်ကြသလို စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေကြတဲ့ ရုံးခန်းတွေလည်း ရှိတယ်လို့ သိရပါတယ်။

Google
Google

မီးသတ်သမားတွေရဲ့ပြောဆိုချက်အရ မီးကအရမ်းကိုပြင်းထန်တာကြောင့် နှစ် ၄၀ သက်တမ်းရှိတဲ့ အဆောက်အအုံကြီးရဲ့ ကြမ်းပြင်တွေကိုပါ လောင်ကျွမ်းသွားတယ်လို့ သိရပါတယ်။

Google
Google

အလောင်း ၁၁ လောင်းကိုရေခဲတိုက်ဆီကို တိုက်ရိုက်ပို့ခဲ့ပြီး ၁၄ ယောက်ကို ဆေးရုံပို့ခဲ့ရာမှာ လမ်းမှာတင်အသက်မရှိတော့ဘူးလို့သိရပါတယ်။ နောက်ထပ် ဒဏ်ရာရသူ ၄၁ ယောက်ကိုတော့ ဆေးကုသပေးထားတယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။ မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သတ်ပြီး စုံစမ်းနေဆဲဖြစ်တယ်လို့ သိရှိရပြီး ကယ်ဆယ်ရေးလုပ်ငန်းများလဲ ဆောင်ရွက်နေဆဲဖြစ်တယ်လို့ သိရှိရပါတယ်။ ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူအများစုဟာ ကုမ္ပဏီ ဝန်ထမ်းများနှင့် အဆောက်အအုံမှာ နေထိုင်ကြတဲ့သူတွေဖြစ်ကြပါတယ်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T