မြန်မာနိုင်ငံအား အဓိကဓာတ်အားပေးနေတာဖြစ်တဲ့ Power Plant များရပ်တန့်မှုကြောင့် သိပ်မကြာခင်မှာ ဓာတ်အားပြတ်တောက်ခြင်းပြဿနာများဖြစ်လာနိုင်တယ်လို့ ပညာရှင်များသုံးသပ်

//s9.kh1.co/cd/cdb4bfea7d43462acc241adf32caae8e9937804a.jpg
နေ့စဉ်သတင်းများ

 ၁၄-အောက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

မီးခဏခဏပျက်နေတာ ဒါတွေကြောင့်လားမသိဘူးနော်.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

မြန်မာနိုင်ငံမှာ လက်ရှိ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းများ မကြာခဏဆိုသလိုဖြစ်ပွားလေ့ရှိပါတယ်။လျှပ်စစ်မီးများပြတ်တောက်လိုက်တိုင်းမှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အချိန်ကြာမြင့်စွာ ပြတ်တောက်ခြင်းများဖြစ်လာတာကြောင့် ပြည်သူများအနေနှင့် လုပ်ငန်းဆောင်တာများလုပ်ကိုင်ရခြင်းမှာနှောင့်နှေးနေကြရပါတယ်။

Photo Credit From Google
Photo Credit From Google

ဤဖြစ်စဉ်များ ဖြစ်ပေါ်လာရတဲ့အဓိကအကြောင်းအရင်းကတော့ မြန်မာနိုင်ငံကို အဓိက ဓာတ်အားပေးနေတာဖြစ်တဲ့ LNGသုံး Power Plant များထဲက (၂)ခုဟာရပ်တန့်သွားခဲ့တဲ့အတွက်ဖြစ်ပါတယ်။တစ်ခုကတော့ ယခုနှစ် ဇူလိုင်လတည်းကရပ်တန့်သွားတယ်လို့ကြားသိရပါတယ်။Power Plant များအဓိကရပ်တန့်ရခြင်းဟာ မြန်မာနိုင်ငံရဲ့ ငွေတန်ဖိုး ကျဆင်းလာခြင်း နှင့် ကမ္ဘာအနှံ့ LNG ဈေးများအဆမတန်ထိုးတက်နေခြင်းကြောင့်ဖြစ်တယ်လို့ဆိုလာကြပါတယ်။ရပ်တန့်သွားတဲ့ ကုမ္ပဏီနှစ်ခုကတော့ တရုတ်နိုင်ငံအခြေစိုက်ကုမ္ပဏများဖြစ်တယ်လို့လည်းဆိုပါတယ်။

Photo Credit From Google
Photo Credit From Google

လက်ရှိမှာတော့ သန်လျင်၊သီလဝါ ရှိ စက်ရုံကသာ ရန်ကုန်တစ်ဝိုက်ကိုအဓိကထား ဓာတ်အားပေးနေရတယ်လို့လည်းကြားသိရပါတယ်။သီလဝါစက်ရုံဟာ ဟောင်ကောင်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသို့ (၂၀၁၉)ခုနှစ်တည်းက ဒေါ်လာသန်း (၈၀၀)ခန့် လာရောက်ရင်းနှီးမြှုပ်နှံခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ HK V Power ဟာ ကျောက်ဖြူနှင့် မြင်းခြံရှိ ဒေါ်လာသန်း(၂၀၀)တန် စီမံကိန်းများကိုလည်းရပ်တန့်လိုက်ပြီလို့ဆိုလာပါတယ်။ဒါ့ကြောင့်ပညာရှင်အချို့က မြန်မာနိုင်ငံရဲ့ ဓာတ်အားပေးစနစ်အတွက် သိပ်မကြာခင်မှာ အပြောင်းအလဲများစွာဖြစ်လာနိုင်ပြီး ဓာတ်အားပြတ်တောက်မှုများဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြတာဖြစ်ပါတယ်။

Photo Credit From Google
Photo Credit From Google
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T