ပျက်စီးဆုံးရှုံးမှုတွေများခဲ့တဲ့ Brannan ကျွန်းမီးလောင်မှုကြီး

//s9.kh1.co/30/309e99da5614748071807b0bc314a347a80097f5.jpg
နေ့စဉ်သတင်းများ

 ၁၄-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ပျက်စီးဆုံးရှုံးမှုတွေများခဲ့တဲ့ Brannan ကျွန်းမီးလောင်မှုကြီး

အမေရိကန်နိုင်ငံ ၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Brannan ကျွန်းမှာ ပြီးခဲ့တဲ့ တနင်္လာနေ့ တစ်ညလုံး မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် Brannan ကျွန်းမှာရှိတဲ့ အိမ်ခြေစုစုပေါင်း ၂၅ လုံး ၊ အဆောက်အဦးကြီး ၁ ခု ၊ အပန်းဖြေယာဉ် ၁၆ စီး ၊  စုစုပေါင်း ၄၂ မျိုး မီးလောင်ပြာကျသွားခဲ့ပါတယ်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုဖြစ်သွားခဲ့တဲ့ လူတွေရဲ့ အပူမီးကတော့ မီးထက်တောင်ပိုပြီး ပူလောင်နေတာကို ဓာတ်ပုံလေးတွေက ဖော်ပြပေးနေပါတယ်။

Instagram
Instagram
Instagram
Instagram

တောမီးလောင်မှုကနေစတင်ကာ လူနေအိမ်တွေဆီကို ကူးစက်လောင်ကျွမ်းခဲ့တဲ့မီး ဖြစ်တာကြောင့် လေပြင်းထန်လေ မီးပိုပြင်းလေးဖြစ်ခဲ့တာပါ။ ခြောက်သွေ့တဲ့ သစ်ရွက်သစ်ကိုင်းခြောက်တွေနဲ့ ပြင်းထန်တဲ့လေကြောင့် လေယာဉ်ပျံနဲ့ရေဖြန်းပြီး ငြိမ်းသက်တာတောင် မီးကိုမနိုင်ခဲ့ပါဘူး။  မီးလောင်မှုဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့တဲ့ လူတစ်ဦးက အခုလိုပြောကြားထားပါတယ်။

“မီးစွဲပြီး လောင်တာ မြန်သလားမမေးနဲ့ဗျာ .. ကျွန်တော့်မျက်တောင်တစ်ခါပဲခတ်ရသေးတယ် အကုန်လုံးကုန်သွားတာဗျာ”

Instagram
Instagram

မီးလောင်မှုထဲပါသွားတဲ့ အိမ်များ၊ အဆောက်အဦးများ နှင့် ယာဉ်များ အားလုံးဟာ ပြာအတိကျတဲ့အထိ လောင်သွားတာကြောင့် ပိုင်ရှင်များအနေနဲ့ဘာမှပြန်မရလိုက်ဘူးလို့သိရပါတယ်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူတော့ မရှိသွားပါဘူး။

Instagram
Instagram
Instagram
Instagram
Instagram
Instagram
Instagram
Instagram
Instagram
Instagram
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T