အောက်တိုဘာ (၁၃) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယား စစ်ရေးပြသမှုနှင့် လက်နက်ပြပွဲကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက တက်ရောက်ကြည့်ရှုခဲ့ကြောင့် နိုင်ငံတကာ သတင်းများကဖော်ပြလာခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ ဖျော်ဖြေရေးတစ်ရပ်အနေနဲ့ အထူးတပ်ဖွဲ့က ရက်စက်ကြမ်းကြုတ်တဲ့ ကိုယ်ခံပညာစွမ်းရည်ကို ထုတ်ဖော်ပြသခဲ့တယ်လို့ ဆိုပါတယ်။
ခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့အတူ အဆိုပါအခမ်းအနားမှာ အရာရှိများ၊ သူ့ရဲ့အစ်မနှင့်အနီးကပ်အကြံပေး Kim Yo Jong တို့လည်း ရှိနေခဲ့တာဖြစ်ပါတယ်။ အထူးစစ်တပ်ရဲ့ ကိုယ်ခံပညာစွမ်းရည်ကို ထုတ်ဖော်ပြသမှုတွေကိုလည်း ကင်မ်ဂျုံအန်းက သဘောကျခဲ့ပြီး ချီးမွမ်းခဲ့ကြောင်းလည်း ထည့်သွင်းဖော်ပြပေးခဲ့ပါတယ်။ ယခုအခမ်းအနားဟာ အာဏာရအလုပ်သမားပါတီတည်ထောင်ခြင်းနှစ်ပတ်လည်အထိမ်းအမှတ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
နိုင်ငံသတင်းများရဲ့ ဖော်ပြလာခဲ့တဲ့ ရုပ်သံဖိုင်တွေအရ အင်္ကျီမပါတဲ့ အထူးစစ်သည်တော်များဟာ ဖန်ပုလင်းများအား ထုခွဲပြသခြင်း ၊ ရင်ဘတ်ပေါ်တွင် ထူတဲ့ကွန်ကရစ်တုံးတစ်ခုကိုတင်ပြီး အခြားစစ်သားက ထုခွဲပြသခြင်း ၊ ဦးခေါင်းတွေကို တုတ်ဖြင့် ရိုက်ချိုးပြသခြင်း၊ လည်ပင်းနှင့် သံချောင်းကို ကွေးအောင်းလုပ်ပြကြတဲ့အပြင် ခန္ဓာကိုယ်ပေါ်က သံကြိုးတွေကို ဖြတ်တောက်ပြခြင်းများဖြင့် ဖျော်ဖြေခဲ့တာ တွေ့ရပါတယ်။
သတင်း အရင်းအမြစ်៖ Source - The National