မောင်ဖြစ်သူ မဟာဗောဓိမြိုင်ဆရာတော်ကြီး လူသူရှေ့အပူဇော်ခံထွက်လာချိန်မှသာ လာရောက်ဖူးမြော်ခဲ့တဲ့ အမေကြည်

//s9.kh1.co/74/749de95ce911ad2b7170fa2c086f5f8a76301b77.jpg
နေ့စဉ်သတင်းများ

 ၁၄-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

မောင်ဖြစ်သူ မဟာဗောဓိမြိုင်ဆရာတော်ကြီး လူသူရှေ့အပူဇော်ခံထွက်လာချိန်မှသာ လာရောက်ဖူးမြော်ခဲ့တဲ့ အမေကြည်

မဟာဗောဓိမြိုင် ဆရာတော်ကြီးဟာဆိုရင် လူသူရှေ့မှာ အပူဇော်မခံခဲ့တာ နှစ်ပေါင်းအားဖြင့်အတော်ကြာမြင့်ပြီဖြစ်ပေမဲ့ ဒီနှစ်မှာတော့ ဆရာတော်ကြီးဟာ ဝါတွင်းအတွင်း မေတ္တာဓာတ်လွှမ်းခြုံဖို့ရန်အတွက် လူသူရှေ့မှာ အပူဇော်ခံခဲ့ပါတယ်။

Photo Credit - Sai Naung's Facebook
Photo Credit - Sai Naung's Facebook

မဟာဗောဓိမြိုင်ဆရာတော်ကြီးကို လာရောက်ဖူးမြော်သူများဟာ များပြားလှပြီး ကြိတ်ကြိတ်တိုးလျက်ရှိပါတယ်။

Photo Credit - Sai Naung's Facebook
Photo Credit - Sai Naung's Facebook

ဆရာတော်ကြီးကို လာရောက်ဖူးမြော်တဲ့အထဲမှာ ဆရာတော်ကြီးရဲ့အစ်မတော် သက်တော် ၈၆ နှစ်ရှိပြီဖြစ်တဲ့ အမေကြည်လည်း လာရောက်ဖူးမြော်ခဲ့ပါတယ်။

Photo Credit - Sai Naung's Facebook
Photo Credit - Sai Naung's Facebook

မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ အစ်မတော် အမေကြည်(အဖွားကြည်)ဟာဆိုရင် တစ်ရက်ကို အနည်းဆုံး ခုနှစ်နာရီ တရားရှုမှတ်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော်လာခဲ့ပြီဖြစ်ပါတယ်။အမေကြည်ဟာ ရှစ်ပါးသီလကို စောင့်ထိန်းပြီး ရိုးရိုးအေးအေးနဲ့ ငြိမ်းချမ်းစွာ နေထိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။မဟာဗောဓိမြိုင်ဆရာတော်ကြီးကြည်ဖြူစွာ အဖူးခံချိန်မဟုတ်လျှင် အမေကြည်ဟာ ဆရာတော်ကြီးကို အတင်းအရေးမယူမတောင်းဆိုဖူးပဲ ဆရာတော်ကြီး လူသူရှေ့ အပူဇော်ခံထွက်လာမှသာ ဆရာတော်ကြီးကို လာရောက်ဖူးမြော်သူ ဖြစ်ပါတယ်။

Photo Credit- Sai Naung's Facebook
Photo Credit- Sai Naung's Facebook

အမေကြည်(အဖွားကြည်)ဟာ ဆရာတော်ကြီးနဲ့အတူ ဓမ္မလမ်းတူဖို့သာ တရားအားထုတ်လျက်ရှိပါတယ်။

အမေကြည် ကိုယ်စိတ်နှစ်ဖြာ ကျန်မာချမ်းသာပြီး တရားဘာဝနာ အားထုတ်နိုင်ပါစေ။သက်တော်ရာကျော်ရှည်ပါစေ။

သတင်း အရင်းအမြစ်Sai Naung

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T