မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ ဒီကနေ့ထပ်မံ တိမ်းမှောက်မှုဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်တော်ပြန် မှန်လုံယာဉ်တစ်စီး

//s9.kh1.co/a9/a952c784d54a68297d9a7be2bfe88f78334c21f6.jpg
နေ့စဉ်သတင်းများ

 ၁၃-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

ကရင်ပြည်နယ်က မြဝတီ-ကော့ကရိတ် အာရှလမ်းကြီးပေါ်မှာ ယခုနှစ်အတွင်း ယာဥ်မတော်တဆမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အဆိုပါလမ်းမှာ မြေသယ်ယာဥ်တစ်စီး တိမ်းမှောက်ခဲ့လို့ လိုက်ပါလာသူ (၂၀) ဦးလောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီကနေ့ အောက်တိုဘာ (၁၃) ရက် နေ့လည် (၁)နာရီကျော်ခန့်တွင် မြဝတီ-ကော့ကရိတ် အာရှလမ်းကြီးပေါ်မှာ ယာဥ်တိမ်းမှောက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ကြားသိရပါတယ်။

Photo Credit - နေနော်(မြဝတီ)
Photo Credit - နေနော်(မြဝတီ)
Photo Credit - နေနော်(မြဝတီ)
Photo Credit - နေနော်(မြဝတီ)
Photo Credit - နေနော်(မြဝတီ)
Photo Credit - နေနော်(မြဝတီ)

မြဝတီမြို့ဘက်ကနေ ထွက်လာတဲ့ မှန်လုံယာဉ် တစ်စီးဟာ ကော့ကရိတ်ဘက်ခြမ်းရှိ ယာဥ်မတော်တဆဖြစ်ပွားလေ့ရှိတဲ့ နတ်စင်ကွေ့အဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ မှန်လုံယာဉ်ဟာ မြဝတီမြို့မှာ Qဝင်ပြီး ရခိုင်ပြည်နယ်သို့ ပြန်မယ့် ယာဥ်တစ်စီးဖြစ်တယ်လို့လည်း ကြားသိရပါတယ်။

Photo Credit - နေနော်(မြဝတီ)
Photo Credit - နေနော်(မြဝတီ)
Photo Credit -Original Upload 
Photo Credit -Original Upload 
Photo Credit- Original Upload 
Photo Credit- Original Upload 

ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူမရှိပေမယ့် ယာဉ်ပေါ်ပါတဲ့ ယာဉ်ပေါ်ပါသူ (၂၂) ဦးအနက် ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၁၁) ဦးခန့်ရှိပြီး ယင်းအနက် ယာဉ်မောင်း (၁) ဦး နှင့် စီးနင်းလိုက်ပါလာသူ (၂) ဦးမှာ ဒဏ်ရာအနည်းငယ် ပြင်းထန်ခဲ့ပါတယ်။ အဆိုပါ ထိခိုက်ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံးသို့  ကော့ကရိတ်နှင့် မြဝတီမြို့တို့မှ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များမှ ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။

သတင်း အရင်းအမြစ်Source - နေနော်(မြဝတီ)

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T