၁ နှစ်အရွယ် သမီးဖြစ်သူကို ဓားဖြင့်ထိုးခဲ့တဲ့ အမျိုးသမီး

//s9.kh1.co/d4/d4951e54af8ae5162e9a487b5f4a4ff439201e98.jpg
ဗဟုသုတအဖြာဖြာ

 ၁၃-အောက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

၁ နှစ်အရွယ် သမီးဖြစ်သူကို ဓားဖြင့်ထိုးခဲ့တဲ့ အမျိုးသမီး

North Carolina ပြည် Greenville က ရဲအရာရှိဖြစ်သူက သူကိုင်တိုင် မိခင်ဖြစ်သူက ၁ နှစ်အရွယ် သမီးငယ်လေးကို ဓားဖြင့်ထိုးလိုက်တာမြင်ကြောင်းဆိုထားပါတယ်။

Cierra Dyer ဆိုသူအမျိုးသမီးဟာ လက်ရှိမှာတော့ ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရပါတယ်။ Greenville ရဲဌာနရဲ့ အဆိုအရ ၁ နှစ်အရွယ်သမီးလေးကို ဓားဖြင့် ထိုးခဲ့ချိန်က တနင်္လာနေ့နေ့လည်ပိုင်းလောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Fox 23
Fox 23

ရဲ အရာရှိက သူမသင်္ကာလို့ဝင်ရောက်စစ်ဆေးချိန်မှာ Dyer က မီးဖိုချောင်မှာ သူ့သမီးရဲ့ ကျောကုန်းကို ဓားဖြင့်ထိုးလိုက်ပါပြီ။ ရဲအရာရှိနှင့် ထိပ်တိုက်တွေ့သွားတဲ့အချိန်မှာ Dyer က ဓားကိုကြမ်းပြင်ပေါ်ပစ်ချ လိုက်တယ် လို့ ပြောထားပါတယ်။ Dyer ဟာ Pitt County Detention Center မှာ  အမေရိကန်ဒေါ်လာ ၁.၅ သန်း ချေးငွေရယူထားတဲ့သူလည်းဖြစ်တယ်လို့ သိရပါတယ်။

Dyer ဟာ ကလေးအုပ်ထိန်းခွင့်နှင့်ပတ်သတ်ပြီး မိသားစုဝင်တစ်ဦးနှင့် အငြင်းပွားမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် သူမဟာ သမီးဖြစ်သူအပေါ် လုံးဝကို သံယောဇဉ်မရှိတော့ဘဲ အခုလို ဓားနဲ့ ထိုးရတာလို့လည်း သုံးသပ်ထားကြပါတယ်။ 

ဒဏ်ရာရရှိသွားသူ သမီးငယ်လေးကိုတော့ အပြည့်အဝပြန်ကောင်းလာဖို့ မျှော်လင့်ထားကြပါတယ်။ တော်တော်သနားဖို့ကောင်းတဲ့ ကလေးလေးပဲနော်။ မိခင်ကိုယ်တိုင်က ဓားနဲ့ထိုးတာခံရတယ်လို့ ။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T