ယနေ့အောက်တိုဘာ(၁၃)မှာ ကျရောက်လာတဲ့ ကမ္ဘာအနှံ့မှာရှိကြသော အမျိုးသမီးများအတွက် အရေးအပါဆုံးနေ့တစ်နေ့ဖြစ်တဲ့ World No Bra Day

//s9.kh1.co/00/00dfb3fa2dbc984d78adff2d7b909d1fe16aeb3f.jpg
ဗဟုသုတအဖြာဖြာ

 ၁၃-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဘာကြောင့် ဒီလို သတ်မှတ်ခဲ့ကြတာလဲ..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ယနေ့ အောက်တိုဘာ(၁၃)ရက်နေ့ဟာ ကမ္ဘာလုံးဆိုင်ရာ No Bra Day ဖြစ်ပါတယ်။ဒီနေ့ဟာ တစ်ကမ္ဘာလုံးမှာရှိကြတဲ့ ရင်သားကင်ဆာရောဂါဝေဒနာကို ခံစားနေကြရတဲ့ အမျိုးသမီးများအားလုံးအတွက် ရည်ညွှန်းထားတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။(၂၀၁၁) ခုနှစ်မှစ၍ နှစ်စဉ်နှစ်တိုင်းရဲ့ ဇူလိုင်လ(၉)ရက်နေ့ကို No Bra Day လို့သတ်မှတ်ခဲ့တာဖြစ်ပြီး (၃)နှစ်ခန့်အကြာမှာတော့ နှစ်စဉ်နှစ်တိုင်းရဲ့ အောက်တိုဘာ (၁၃)ရက်နေ့ ကို ပြန်လည်သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google

No Bra Day ရဲ့အဓိကရည်ရွယ်ချက်ကတော့ ရင်သားကင်ဆာဝေဒနာခံစားနေရသူများ နှင့် အမျိုးသမီးများအတွက် ဒီရောဂါနှင့်ပတ်သက်တဲ့ အသိပညာများမျှဝေခြင်း၊ ရောဂါခံစားနေရသူအချို့အတွက် Fund Raising များပြုလုပ်ခြင်း အစရှိတဲ့ လုပ်ငန်းများဆောင်ရွက်နိုင်စေရေး နှင့် အမျိုးသမီးများ အထူးသဖြင့် ရင်သားကင်ဆာဝေဒနာခံစားနေရတဲ့ အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုများ မရှိနိုင်စေရေး အတွက် အဓိက ထား ရည်ရွယ်ထားတာဖြစ်ပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google

(၂၀၁၂) ခုနှစ် မှစ၍ No Bra Day နှင့်ပတ်သက်တဲ့ ကမ်ပိန်းများတွင် အမျိုးသမီးများဟာ စတင်ပါဝင်လှုပ်ရှားလာကြပါတယ်။ထိုနောက်ပိုင်းမှစ၍ ဆိုရှယ်မီဒီယာများတွင်ပါ လှုပ်ရှားမှုများ တဖြည်းဖြည်းနဲ့ ပိုမိုများပြားလာကြတာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာဆိုရင်တော့ Fund Raising လုပ်ငန်းတွေအတွက်ပါ ပိုမိုလုပ်ကိုင်လာနိုင်ကြပြီဖြစ်ပါတယ်။ယနေ့ကျရောက်တဲ့ No Bra Day မှာ အမျိုးသမီး များနှင့် ရင်သားကင်ဆာဝေဒနာ ခံစားနေရတဲ့ အမျိုးသမီးများအတွက် ဒီသတင်းကိုဖော်ပြရင်း ဂုဏ်ပြုလိုက်ရပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T