ယနေ့မနက်တွင် ဓာတ်အားပြတ်တောက်မှုများဖြစ်ပွားနေတဲ့ ရန်ကုန်မြို့

//s9.kh1.co/ca/ca593522fb305be01a872a6d1c9d7aa1ce50b997.jpg
နေ့စဉ်သတင်းများ

 ၁၃-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

မြို့နယ်တော်တော်များများမှာတော့ မီးပြတ်နေကြပါတယ်တဲ့ (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ယခုအခါ မြန်မာနိုင်ငံတွင် လျှပ်စစ်မီး ကိုအမှီသဟဲပြုကာ လုပ်ငန်းဆောင်တာများဆောင်ရွက်မှာတွေဟာ ပိုမိုများပြားလာပါတယ်။အထူးသဖြင့် ခုလို Stay At Home ကာလတွေမှာဆိုရင် ပိုပြီး အသုံးများလာကြတာဖြစ်ပါတယ်။လျှပ်စစ်မီးရှိမှသာ အလုပ်လုပ်ရတာပိုမိုလွယ်ကူမြန်ဆန်တာကြောင့် ပြည်သူတွေရဲ့ နေ့စဉ် ဘဝမှာ လျှပ်စစ်မီးဟာ အရေးကြီးတဲ့ အပိုင်းမှာပါဝင်လာတာပဲဖြစ်ပါတယ်။

Photo Credit From Google
Photo Credit From Google

ယနေ့အောက်တိုဘာ(၁၃)ရက်နေ့၊မနက်(၉)နာရီ (၁၄)မိနစ်ခန့်က ဓာတ်အားပေးစနစ်များယာယီချို့ယွင်းမှုဖြစ်ခဲ့ပါတယ်။ထိုဖြစ်စဉ်ကြောင့် ရန်ကုန်မြို့ တစ်မြို့လုံ ဓာတ်အားပြတ်တောက်နေကြတာဖြစ်ပါတယ်။

Photo Credit From Google
Photo Credit From Google

ဤဖြစ်စဉ်နှင့်ပတ်သက်၍ YESC ကလည်းမိဘပြည်သူများအား ဓာတ်အားပြတ်တောက်မှုနှင့်သက်ဆိုင်၍ ခေတ္တခဏစောင့်ဆိုင်းပေးပါရန် ပန်ကြားပြောဆိုလာခဲ့ပါတယ်။အခုဆို ဓာတ်အားပြတ်တောက်တာ တစ်နာရီခန့် ကြာပြီဖြစ်ပြီး ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ အကြောင်းရင်းတိတိကျကျကို အခုချိန်ထိ စုံစမ်းနေကြဆဲဖြစ်ပါတယ်။

Photo Credit From YESC-CallCenter
Photo Credit From YESC-CallCenter
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T