"အသက်ကြီးပေမဲ့ ဘဝရဲ့လောကဓံကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ပြီး အချဥ်ပေါင်းရောင်းနေတဲ့ အဖိုးအိုကို ကူညီပေးလိုက်တဲ့ လူငယ်တစ်ဦး"

//s9.kh1.co/50/502ac1d9b53ed34c7540e7c55d39f3f284822e3c.jpg
ဗဟုသုတအဖြာဖြာ

 ၁၃-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

" အသက်ကြီးပေမဲ့ ဘဝရဲ့လောကဓံကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ပြီး အချဥ်ပေါင်းရောင်းနေတဲ့ အဖိုးအိုကို ကူညီပေးလိုက်တဲ့ လူငယ်တစ်ဦး"

လူသားတွေဟာ နေ့စဥ်ဘဝရဲ့ဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားနေရပါတယ်။ရုန်းကန်လှုပ်ရှားနေရတဲ့အထဲမှာ အသက်ကြီး အဘိုးအဖွားများလည်း ပါဝင်နေပါတယ်။

Photo Credit - ArrPuu Tuu's Facebook 
Photo Credit - ArrPuu Tuu's Facebook 

အသက်ကြီးပေမဲ့လည်း လောကဓံက မျက်နှာသာမပေးသောအခါ အဖိုးတစ်ယောက် တွန်းလှည်းလေးနဲ့ အချဥ်ပေါင်း ရောင်းနေရပါတယ်။

အဖိုးဟာ အချဥ်ပေါင်းရောင်းချတဲ့အလုပ်လေးကို လုပ်လာတာ နှစ်ပေါင်း ၃၀ ရှိလာပြီး အဖိုးရဲ့ခြေထောက်လေးက သက်သေအဖြစ်ရှိနေပါတယ်။

Photo Credit - ArrPuu Tuu's Facebook
Photo Credit - ArrPuu Tuu's Facebook

အဖိုးဟာ တစ်နေ့လုံးရောင်းမှ အမြတ်က ၅၀၀၀ လောက်ပဲ ကျန်ပြီး နေပူမိုးရွာမရှောင် အသက်အရွယ်ကို အလေးမထားနိုင်ပဲ ဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားနေရပါတယ်။

စေတနာရှင်တစ်ဦးက အဖိုးရောင်းချနေတဲ့ အချဥ်ပေါင်းတွေကို အကုန်ဝယ်လိုက်ပြီး အဘအတွက် ပိုက်ဆံ ၃၀၀၀၀ ကျပ်ကို လှူဒါန်းပေးခဲ့ပါတယ်။

Photo Credit - ArrPuu Tuu's Facebook
Photo Credit - ArrPuu Tuu's Facebook

အဖိုးတစ်ယောက် ထီပေါက်သလို ပျော်ရွှင်ခဲ့ပြီး အဖိုးပြောလိုက်တဲ့စကားလေးက အားလုံးအတွက် ဝမ်းနည်းဝမ်းသာစေတဲ့ စကားလေးပါ။

သူရဲ့အိမ်မှာ ကျန်နေခဲ့တဲ့ အမေကြီးကို ပိုက်ဆံ အပ်မယ်...သူဆန်နဲ့ဆီလိုနေတာ ဝယ်လို့ရပြီ သားရေ ဆိုပြီး အဖိုးဝမ်းသာစွာနဲ့ပြောခဲ့တဲ့ စကားက စေတနာရှင်အလှူရှင်တွေအတွက်တော့ ဝမ်းနည်းဝမ်းသာ စကားလေးဖြစ်ခဲ့ရပါတယ်။

Photo Credit - ArrPuu Tuu's Facebook
Photo Credit - ArrPuu Tuu's Facebook
Photo Credit  - ArrPuu Tuu's facebook
Photo Credit  - ArrPuu Tuu's facebook
Photo Credit - Arrpuu Tuu's facebook
Photo Credit - Arrpuu Tuu's facebook

သတင်း အရင်းအမြစ်ArrPuu Tuu

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T