အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်လျှော့ချရေးနေ့ကမ်ပိန်းမှာ ပါဝင်လှုပ်ရှားလာတဲ့ ပြည်ပရောက်အဆိုတော်ချမ်းချမ်း

//s9.kh1.co/73/73c181bef7900b579ff0d260bcfd800d17d2aa4a.jpg
အနုပညာရှင်များ

 ၁၃-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အဝေးသာရောက်နေပေမယ့်စိတ်ကမြန်မာပြည်မှာပါပဲတဲ့.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

အသံပါဝါအားကောင်းစွာနဲ့ တစ်ချိန်တည်းမှာပဲ ချိုမြတဲ့ အသံ ပိုင်ရှင်လို့ဆိုလာရင်တော့ အဆိုတော်ချမ်းချမ်ူကိုပဲ ပရိတ်သတ်များက ရည်ညွန်းကြပါတယ်။သူမဟာ တေးသီချင်းများသီဆိုတဲ့ အခါ ပရိတ်သတ်ရင်ထဲထိမိပြီးစွဲထင်ကျန်နေအောင် ဆိုပြနိုင်တဲ့ အဆိုရှင်တစ်ဦးဖြစ်ပါတယ်။

Photo Credit From Chan Chan
Photo Credit From Chan Chan
Photo Credit From Chan Chan
Photo Credit From Chan Chan

သူမဟာ လက်ရှိမှာ နိုင်ငံခြားသားတစ်ဦးနှင့် လက်ထပ်ထားပြီး တခြားတိုင်းပြည်တစ်ခုမှာနေထိုင်နေတာပဲဖြစ်ပါတယ်။သို့ပေမယ့် သူမဟာ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်လို့ တကယ်ကို တတ်စွမ်းသမျှကြိုးစားဆောင်ရွက်ပေးနေတဲ့ အနုပညာရှင်ဖြစ်ပါတယ်။

Photo Credit From Chan Chan
Photo Credit From Chan Chan
Photo Credit From Chan Chan
Photo Credit From Chan Chan

ယခုမှာလည်း သူမဟာ ယနေ့ အောက်တိုဘာ(၁၃)ရက်နေ့မှာကျရောက်တဲ့  အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်လျှော့ချရေးနေ့ ကမ်ပိန်းမှာ မြန်မာနိုင်ငံသားများနှင့်အတူ အတူတကွ ပါဝင်လှုပ်ရှားလာတာကိုတွေ့ရမှာဖြစ်ပါတယ်။သူမဟာ ဒီကမ်ပိန်းအတွက် မြန်မာနိုင်ငံကိုယ်စားပြု M စာလုံးပါဝင်တဲ့ တီရှပ်ကို ဝတ်ဆင်ခဲ့ပြီး သူမအနေနဲ့ အနှစ်နှစ်အလလက ဒုက္ခများ ခံစားခဲ့ကြရတဲ့ တိုင်းရင်းသားများအတွက်လည်းလွန်စွာစိတ်မကောင်းဖြစ်မိကြောင်းဖော်ပြခဲ့ပါသေးတယ်။

Photo Credit From Chan Chan
Photo Credit From Chan Chan
Photo Credit From Chan Chan
Photo Credit From Chan Chan
Photo Credit From Chan Chan
Photo Credit From Chan Chan
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T