နာမကျန်းဖြစ်နေတဲ့ သက်ကြီးရွယ်အို အဘိုးအဘွားတွေအတွက် သူမတတ်နိုင်သလောက် တစ်နိုင်တစ်ပိုင်အလှူဒါန ပြုလုပ်ခဲ့တဲ့ ပရဟိတမင်းသမီး ခိုင်နှင်းဝေ

//s9.kh1.co/11/11030c82f4f19465b60de121c3299bda12a98f2b.jpg
အနုပညာရှင်များ

 ၁၃-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

သာဓု သာဓု သာဓု ပါရှင်...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ခိုင်နှင်းဝေလို့ဆိုလိုက်တာနဲ့ မြန်မာဆန်တဲ့ အသားအရည်နဲ့ လှပကျော့ရှင်းတဲ့ မင်းသမီးတစ်လက် ဖြစ်ပြီး တကယ်ကို သရုပ်ဆောင်ထူးချွန်တဲ့ မင်းသမီးတစ်လက် လို့ အများက အသိအမှတ်ပြုထားကြတာဖြစ်ပါတယ်။သူမဟာ အနုပညာလုပ်ငန်းများမှ အနားယူထားတာဖြစ်ပြီး လက်ရှိမှာတော့  ပရဟိတလုပ်ငန်းများ များစွာပြုလုပ်နေခဲ့တာဖြသ်ပါတယ်။

Photo Credit From Khine Hnin Wai
Photo Credit From Khine Hnin Wai
Photo Credit From Khine Hnin Wai
Photo Credit From Khine Hnin Wai

သူမဟာ လက်ရှိမှာ ခိုင်နှင်းဝေရင်သွေးဂေဟာ ဆိုတဲ့ ဂေဟာတစ်ခုကိုဖွင့်လှစ်ထားတာဖြစ်ပြီး ထို ဂေဟာမှာဆိုရင် ကံမကောင်းအကြောင်းမလှလို့ အစွန့်ပစ်ခံခဲ့ရတဲ့ ရင်သွေးလေးများအတွက် မိခင်အရင်းသဖွယ်ပြုစုစောင့်ရှောက်ပေးချင်တဲ့ ရည်ရွယ်ချက်ဖြင့်  ဖွင့်လှစ်ပေးထားခဲ့ခြင်းဖြစ်ပါတယ်။ဒါ့အပြင်သူမဟာ သက်ကြီးဝါကြီးဘိုးဘွားမိဘများကိုပါ သူမ တတ်နိုင်သလောက် အမြဲကြိုးစားလှူဒါန်းပေးနေတာဖြစ်ပါတယ်။

Photo Credit From Khine Hnin Wai
Photo Credit From Khine Hnin Wai
Photo Credit From Khine Hnin Wai
Photo Credit From Khine Hnin Wai
Photo Credit From Khine Hnin Wai
Photo Credit From Khine Hnin Wai

ယခုလည်းသူမဟာ နာမကျန်းဖြစ်နေတဲ့ သက်ကြီးဘိုးဘွားအယောက် (၁၀၀) အား တစ်ယောက်လျှင် ငွေကျပ် တစ်သောင်းကျပ်စီလှူဒါန်းခဲ့ကြောင်းဖော်ပြလာပါတယ်။ပျော်နေတဲ့ အဘိုးအဘွားတွေကိုကြည့်ရင်း သူမမှာ ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရတယ်လို့လည်းသူမက ပီတိဖြစ်ဖွယ်ဆိုလာပါတယ်။မခိုင်နှင်းဝေတစ်ယောက်အမြဲတမ်းလှူနိုင်ပါစေလို့ဆုတောင်းရင်းပရိတ်သတ်တွေပီတိဖြစ်နိုင်ဖို့ဖော်ပြပေးလိုက်ရပါတယ်။

Photo Credit From Khine Hnin Wai
Photo Credit From Khine Hnin Wai
Photo Credit From Khine Hnin Wai
Photo Credit From Khine Hnin Wai
Photo Credit From Khine Hnin Wai
Photo Credit From Khine Hnin Wai
Photo Credit From Khine Hnin Wai
Photo Credit From Khine Hnin Wai
Photo Credit From Khine Hnin Wai
Photo Credit From Khine Hnin Wai
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T