ပြည်သူ့မင်းသားချော “ဒေါင်း” သီဆိုထားတဲ့ နွေဦးတော်လှန်ရေးရဲ့ “အောင်ပွဲတေး”(ရုပ်သံဖိုင်)

//s9.kh1.co/01/015a5abfd0281eb765cad4bb8e466dfec1ad6545.jpg
အနုပညာရှင်များ

 ၁၂-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

သီချင်းရော အသံလေးရော နားထောင်ကောင်းလိုက်တာ

သရုပ်ဆောင် ဒေါင်းကတော့ အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့ အတူ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မင်းသားချောပဲ ဖြစ်ပါတယ်။ ဒေါင်းကတော့ အောင်မြင်မှုတွေရရှိထားတဲ့ အပြင် စိတ်ထားကောင်းပြီး အလှူအတန်းမှာလဲ ရက်ရက်ရောရောရှိတာကြောင့် ပရိတ်သတ်တွေကပိုပြီးချစ်ခင်အားပေးနေရပါတယ်နော်။

Photo Credit : DAUNG - ဒေါင်း's Facebook Acc
Photo Credit : DAUNG - ဒေါင်း's Facebook Acc

သူဟာ ဇန်နဝါရီလကတည်းက ထိုင်နိုင်ငံသို့ ဇာတ်ကားရိုက်သွား နေသူဖြစ်ပါတယ်၊ နွေဦးတော်လှန်ရေးမှာ အားသွန်ခွန်စိုက် ပါဝင်ခဲ့သလို အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်၊ ဒေါင်းက တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က တစ်သားတည်းပါဝင်ခဲ့ပြီး လမ်းထွက်ကာ လူထုလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်ခဲ့တာကြောင့် ပုဒ်မ၅၀၅ဖြင့် အမှုဖွင့်ထားခြင်းခံရပြီး ရှောင်တိမ်းနေရပါတယ်။

Photo Credit : DAUNG - ဒေါင်း's Facebook Acc
Photo Credit : DAUNG - ဒေါင်း's Facebook Acc
Photo Credit : DAUNG - ဒေါင်း's Facebook Acc
Photo Credit : DAUNG - ဒေါင်း's Facebook Acc

မြန်မာ့နွေဦးတော်လှန်ရေးမှာတထောင့်တနေရာကပါဝင်လှုပ်ရှားနေတဲ့ လူငယ်သရုပ်ဆောင် ဒေါင်း က “အောင်ပွဲတေး”သီချင်းကို သူကိုယ်တိုင်သီဆိုပြီး လူမှုကွန်ယက်ပေါ်မှာ ဖော်ပြထားတာပဲဖြစ်ပါတယ်။

 “ကိုယ့်လမ်းကိုယ်လျှောက်…တို့သမိုင်းတို့ရေး…တို့အရေးတို့လက်မှာ…အောင်ပွဲဟာရှေ့မှာလက်တကမ်းရဲ့အနီး…အနိုင်စိတ်ကိုမွေးထား…လူတိုင်းညီမှ…အကုန်လုံးပါမှ…အမှောင်ထဲကလွတ်မှာပါ…ကိုယ်နဲ့ဆိုင်တဲ့ကိုယ့်အရေးပါပဲ…မမေ့လိုက်နဲ့ကွာ” ဒါကတော့ ဒေါင်းသီဆိုတဲ့ “အောင်ပွဲတေး” သီချင်းထဲက တေးသွားစာသားတစ်ချို့ပဲ ဖြစ်ပါတယ်။

Photo Credit : DAUNG - ဒေါင်း's Facebook Acc
Photo Credit : DAUNG - ဒေါင်း's Facebook Acc

ဒေါင်းသီဆိုထားတဲ့ သီချင်းလေးရော အသံလေးရောက အရမ်းနားထောင်လို့ ကောင်းတာကြောင့် ပရိသတ်တွေအတွက် ပြည်သူ့မင်းသားချော “ဒေါင်း” ရဲ့ သီချင်းဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ရပါတယ်။

Source : DAUNG - ဒေါင်း's Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T