အောက်တိုဘာလ ၁၃ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်ထိခိုက်မှု လျှော့ချရေးနေ့ကမ်းပိန်းမှာ ပြည်သူများအတူတူ ပါဝင်လာဖို့ဖိတ်ခေါ်လိုက်တဲ့ မေဦး

//s9.kh1.co/fc/fc75d501872da2fd12f6269c728aa490981e3c95.jpg
အနုပညာရှင်များ

 ၁၂-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

အောက်တိုဘာလ ၁၃ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်ထိခိုက်မှု လျှော့ချရေးနေ့ကမ်းပိန်းမှာ ပြည်သူများအတူတူ ပါဝင်လာဖို့ဖိတ်ခေါ်လိုက်တဲ့ မေဦး

မိတ်ကပ်ပညာရှင် မေဦးဟာ အာဏာရှင်စနစ်ဆိုးကြောင့်  မြန်မာပြည်အနှံ့က စစ်ဘေးအန္တရာယ် ခံစားနေရသော ပြည်သူများနှင့် တစ်သားတည်းအတူရပ်တည်ပါကြောင်း သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ် စာမျက်နှာလေးမှာ ရေးတင်ရင်း ပြည်သူများအားလုံးကို ကမ်းပိန်းလေးမှာ ပါဝင်လာဖို့ဖိတ်ခေါ်လိုက်ပါတယ်။

May Oo's Facebook
May Oo's Facebook

မနက်ဖြန်ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ် ထိခိုက်မှုလျော့ချရေးနေ့ အတွက် ကမ်းပိန်းဟာဆိုရင် လူသားချင်းစာနာမှုကို ဖော်ညွှန်းတဲ့ အဓိပ္ပါယ်နဲ့ ပြုလုပ်တဲ့ ကမ်းပိန်းလေးဖြစ်ပြီး ညာဘက်လက်ကို ဘယ်ဘက်နှလုံးသားပေါ်တင် ၊ တော်လှန်ရေး သင်္ကေတ လက်သုံးချောင်းထောင်ကာ မိမိကြိုက်နှစ်သတ်ရာ တိုင်းရင်းသားဝတ်စုံကိုဝတ်ပြီး ရိုက်ထားတဲ့ပုံလေးကို မိမိ လူမှုကွန်ရက်စာမျက်နှာမှာ တင်ပြီးပြုလုပ်ရမယ့် ကမ်းပိန်းလေး ဖြစ်တယ်လို့ ရှင်းပြပေးထားပါသေးတယ်။

Google
Google

ဒီကမ်းပိန်းလေးမှာ မေဦးကိုယ်တိုင်ပါဝင်ထားပြီး မေဦးနှင့်အတူ တစ်တိုင်းပြည်လုံးက တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံးလည်း ပါဝင်လာကြဖို့ကိုလည်း ဖိတ်ခေါ် တိုက်တွန်းထားပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T