လက်မမြှောက်နိုင်တဲ့ လူနာတစ်ယောက်ကို သက်သာပျောက်ကင်းသွားအောင် ကုသနိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်ကာ ပြောပြလာခဲ့တဲ့ ထူးခန့်ကျော်

//s9.kh1.co/0b/0b6f4f173d00bda843398d09b14317684b2a169a.jpg
အနုပညာရှင်များ

 ၁၂-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

အနုပညာအလုပ်တွေကို ဆယ်စုနီးပါးလောက် လုပ်ကိုင်လာခဲ့ပြီး ကျရာဇာတ်ရုပ်တွေကို သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ ထူးခန့်ကျော်ကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ ယနေ့တိုင်ရပ်တည်နေခဲ့ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေအပြင် သူတတ်မြောက်ထားတဲ့ မြန်မာ့ရိုးရာဆေးပညာနဲ့ အရိုအကြောဝေဒနာခံစားရတဲ့ သူတွေကို အခမဲ့ ကုသပေးနေတာ ဖြစ်ပါတယ်။

Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw

သူကုသပေးလိုက်တဲ့ လူနာတွေကလည်း သိသိသာသာ ပျောက်ကင်းသွားခဲ့တာကြောင့် နောက်ထပ် လာရောက်ကုသသူတွေ များပြားခဲ့လာကြတာ တွေ့ရပါတယ်။ စိတ်ရင်း စေတနာအပြည့်နဲ့ ကုသပေးရင်း ပျောင်ကင်းသွားရင်လည်း ဝမ်းသာပီတိဖြစ်ပြီး ပရိသတ်တွေကို မကြာခဏရေးသားဖော်ပြလေ့ရှိတာ တွေ့ရပါတယ်။ ယခုမှာ ထူးခန့်ကျော်က ဆေးကုပေးလိုက်တဲ့ လူနာတစ်ယောက် သက်သာပျောက်ကင်းသွားခဲ့လို့ ဝမ်းသာပီတိဖြစ်ပြီး ထပ်မံဖော်ပြလာတာ တွေ့ရပါတယ်။

Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw

ဒီတစ်ခါ ပျောက်ကင်းသက်သာသွားတဲ့ လူနာကတော့ သန်လျှင်မြို့ကနေ လာရောက်ကုသတာဖြစ်ပြီး လက်မမြှောက်နိုင်တဲ့အခြေအနေကို ကြုံတွေ့နေရတဲ့သူပဲ ဖြစ်ပါတယ်။ ထူးခန့်ကျော်ဆီလာရောက်ကုသချိန်မှာတော့ မမြှောက်နိုင်တဲ့ လက်နှစ်ဖက်ဟာ သက်သာပျောက်ကင်းခဲ့ပြီ ဖြစ်ပါတယ်။ လက်နှစ်ဖက်သက်သာ ပျောက်ကင်းသွားလို့ ပျော်ရွှင်နေတဲ့ လူနာကိုကြည့်ရင်း တစ်နေ့တာပင်ပန်းသမျှ အမောများပြေခဲ့ရကြောင်းလည်း ထူးခန့်ကျော်က ဆိုထားပါတယ်။

Photo Credit - Htoo Khant Kyaw
Photo Credit - Htoo Khant Kyaw
https://s9.kh1.co/__image/w=600,h=551,q=100/79/7951d0eeffe6b16d109e4e2d94877392dea8b6a0.jpg

သတင်း အရင်းအမြစ်Source - Htoo Khant Kyaw

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T