ရိုက်ကွင်းက သုံးဘီးဆိုင်ကယ်ပေါ်မှာ အရွှန်းဖောက်နေတဲ့ ထိုင်းမင်းသမီးချော Baifern ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/89/8942c5797e870b2414517e9d7504fbd50c315042.jpg
အနုပညာရှင်များ

 ၁၂-အောက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

Baifern ရဲ့ အပြုအမူလေးတွေကတော့ အရမ်းချစ်ဖို့ကောင်းနေတာပဲ

တရုတ်-ထိုင်း ကပြားမင်းသမီး​လေးဖြစ်တဲ့ Baifern Pimchanok ကတော့ အောင်မြင်မှုတွေနဲ့ ထိုင်းအနုပညာလောကမှာ ရပ်တည်နေတာပဲဖြစ်ပါတယ်။ Baifern Bah ကတော့ ထိုင်းနိုင်ငံမှာရော မြန်မာနိုင်ငံမှာပါ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ ကြယ်ပွင့်လေး ဖြစ်ပါတယ် ။ 

Photo Credit :  Baifern
Photo Credit :  Baifern

Baifern ကတော့ လတ်တလောမှာဆိုရင် မင်းသားချော Naphat နဲ့ “Sroi Sabunga” ဇာတ်ကားအတူတူရိုက်ကူးနေတာပဲဖြစ်ပါတယ်။ Baifern နဲ့ Naphat တို့နှစ်ယောက် အတူတူပါဝင်သရုပ်ဆောင်ထားတဲ့ "Friend Zone " ရုပ်ရှင်ဇာတ်ကားကြီးဆိုရင် ထိုင်းနိုင်ငံမှာတင်မကဘဲ မြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံအသီးသီးမှာပါ အောင်မြင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Amazon.com  Instagram acc
Photo Credit : Amazon.com  Instagram acc

Baifern က အမြဲပျော်ပျော်နေတတ်တဲ့သူလေးဖြစ်လို့ တွေ့တဲ့သူတိုင်းကချစ်ကြပါတယ်။  အရမ်းအတွဲညီတဲ့ Baifern နဲ့ Naphat တို့နှစ်ယောက်ရဲ့ ဇာတ်ကားသစ်ကြီးကိုလည်း ပရိသတ်တွေမကြာခင်မှာ ကြည့်ရှု့ရတော့မှာဖြစ်ပါတယ်။

Photo Credit : Naphat’s Instagram acc 
Photo Credit : Naphat’s Instagram acc 

အခုလည်း Baifern တစ်ယောက် ရိုက်ကွင်းက သုံးဘီးဆိုင်ကယ်ပေါ်မှာ ချစ်စဖွယ်မျက်နှာအမူအရာလေး အရွှန်းဖောက်နေတာပဲ ဖြစ်ပါတယ်။ ဟာသလုပ်နေတဲ့ ဗီဒီယိုဖိုင်လေးကို သူမရဲ့ Facebook မှာ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=923,q=100/ee/ee5264eaea2b4907f7368b0bf7f835df07665de5.jpg

Baifern ရဲ့အပြုအမူလေးတွေကတော့ အရမ်းချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေအတွက် ထိုင်းမင်းသမီးချော Baifern ရဲ့ဗီဒီယိုဖိုင်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T