စစ်ဘေးရှောင် တိုင်းရင်းသားပြည်သူများအတွက် အမြဲရှိနေပါ့မယ်လို့ စိတ်မကောင်းဖြစ်စွာ ပြောပြလာတဲ့ နိုင်ငံကျော် ပြည်သူ့မင်းသား ဒေါင်း

//s9.kh1.co/6a/6abb7420e73a56d5b322e0194598bf309d1f5724.jpg
အနုပညာရှင်များ

 ၁၂-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

တကယ်ကို စိတ်ထားမွန်မြတ်လှပါပေတယ်..... (အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ဒေါင်း လို့ဆိုလိုက်တာနဲ့ ပရိတ်သတ်များကြား အထူးသဖြင့် အမျိုးသမီး ပရိတ်သတ်များကြား အထူးအောင်မြင်ကျော်ကြားနေတဲ့ မင်းသားတစ်ယောက်ဆိုတာ အားလုံးက သိကြပါတယ်။သူ့ရဲ့ တည်ကြည်ခန့်ညားမှုကြောင့်လည်း မိန်းကလေးပရိတ်သတ်များရဲ့ အသည်းစွဲမင်းသား ဖြစ်နေသူတစ်ဦးလို့လည်းဆိုနိုင်ပါတယ်။

Photo Credit From Daung
Photo Credit From Daung
Photo Credit From Daung
Photo Credit From Daung

သူဟာ ရုပ်ရှင်သရုပ်ဆောင် ဖြစ်ရုံသာမက အခြားသော အနုပညာများဖြစ်တဲ့ ကဗျာနှင့် စာပေအနုပညာတွင်လည်း စိတ်ပါဝင်စားသူတစ်ဦးဖြစ်ပါတယ်။သူ ပါဝင်ရိုက်ကူးထားခဲ့တဲ့ လိပ်ပြာစံအိမ်၊မိန်းမတစ်ယောက်၏ဖွင့်ဟဝန်ခံချက် အစရှိတဲ့ ဇာတ်ကားများမှာဆိုရင်လည်း သူ့ရဲ့ ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်များရဲ့ ချစ်ခင်အားပေးခြင်းကိုရရှိခဲ့ပါတယ်။

Photo Credit From Daung
Photo Credit From Daung
Photo Credit From Daung
Photo Credit From Daung

လက်ရှိကာလမှာတော့ သူဟာ နိုင်ငံရေးလှုပ်ရှားမှုများတွင်ပါဝင်ဆောင်ရွက်နေမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။သို့ပေမယ့် သူဟာ သူ့ရဲ့ စာမျက်နှာကနေ ပြည်သူတွေအတွက် အမြဲ စိတ်အားတက်ဖွယ်များဖြင့် ရေးသားဖော်ပြလျက်ရှိပါတယ်။ယခုအခါမှာလည်း စစ်ဘေးရှောင်တိုင်းရင်းသားပြည်သူများအတွက် တစ်သားတည်းရပ်တည်သွားမည်ဖြစ်ကြောင်း၊တိုင်းရင်းသားများအနေနှင့်နှစ်ပေါင်းများစွာ အခုလိုအဖြစ်ဆိုးများကို ကြုံတွေ့ခဲ့ရတဲ့ အတွက် များစွာ စိတ်မကောင်းဖြစ်မိကြောင်း ရေးသားဖော်ပြလာပါတယ်။ပရိတ်သတ်များကလည်း သူ့ကို ဘေးကင်းပါစေလို့လည်း အပြန်အလှန် ရေးသားဖော်ပြနေခဲ့ကြတာဖြစ်ပါတယ်။

Photo Credit From Daung
Photo Credit From Daung
Photo Credit From Daung
Photo Credit From Daung
Photo Credit From Daung
Photo Credit From Daung
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T