"October 13 မှာကျရောက်မည့် အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်ထိခိုက်မှု လျှော့ချရေးနေ့" Campaign တွင်ပါဝင်လာသည့် အဆို​တော် Novem Htoo

//s9.kh1.co/44/444fd874f438a7f36bec6d08316f9aee3b0a3441.jpg
အနုပညာရှင်များ

 ၁၂-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

October 13 မှာကျရောက်မည့် အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်ထိခိုက်မှု လျှော့ချရေးနေ့ Campaign တွင်ပါဝင်လာသည့် အဆို​တော် Novem Htoo

တစ်မူထူးခြားတဲ့ Metal music ကို သီဆိုတဲ့အပြင် The Voice Myanmar Season 2 ရဲ့ Winner တစ်ဦးလည်းဖြစ်တဲ့ အဆိုတော် Novem Htoo ကိုတော့ အားလုံးသိကြမှာပါ။

Photo Credit - Novem Htoo's Facebook
Photo Credit - Novem Htoo's Facebook

အဆိုတော် Novem Htoo ဟာ ယခုလက်ရှိမှာ လွတ်မြောက်နယ်မြေသို့ရောက်ရှိနေပြီး နွေဦးတော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာကနေ အင်တိုက်အားတိုက်ပါဝင်နေတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit- Noveml Htoo's Facebook
Photo Credit- Noveml Htoo's Facebook

ဒီတစ်ခေါက်မှာလည်း အဆို​တော် Novem Htoo က အောက်တိုဘာ ၁၃ ရက်နေ့မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်ထိခိုက်မှုလျှော့ချရေးနေ့ တွင် ​အဖိနှိပ်ခံတိုင်းရင်းသား​ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်မည်ဖြစ်ကြောင်း အဆိုပါCampaign တွင်ပါဝင်လာပါတယ်။

Photo Credit- Novem Htoo's Facebook
Photo Credit- Novem Htoo's Facebook

အခု Campaign ကတော့ ကိုယ့်ရဲ့ Social Media ပေါ်မှာ လူသားချင်းစာနာမှုကို ဖော်ညွှန်းတဲ့ အဓိပ္ပါယ်နဲ့ ညာဘက်လက်ကို ဘယ်ဘက် နှလုံးသားပေါ်တင်၊တော်လှန်ရေး သင်္ကေတ လက်သုံးချောင်းထောင်ကာ မိမိကြိုက်နှစ်သက်ရာတိုင်းရင်းသားဝတ်စုံကို ဝတ်ပြီး ရိုက်ထားတဲ့ပုံကိုမျှဝေပြီး  ဒီ Campaign မှာပါဝင်နိုင်မှာ ဖြစ်ပါတယ်။

Photo Credit- Novem Htoo's Facebook
Photo Credit- Novem Htoo's Facebook

အဆိုတော် Novem Htoo က သူရဲ့အတူ ဒီ Campaign မှာ ပါဝင်ဖို့အတွက် တစ်ပြည်လုံးမှာ ရှိကြတဲ့ တိုင်းရင်းသားညီကိုမောင်နှမများအားလုံးကိုလည်း ပါဝင်ဖို့အတွက် ဖိတ်ခေါ်ခဲ့ပါတယ်။

သတင်း အရင်းအမြစ်Novem Htoo

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T