လက်ကလေးနှစ်ဖက်နဲ့ မျက်လုံးလေးပိတ်ခိုင်းပြီး မေမေစန္ဒီမြင့်လွင်က အရုပ်လေးနဲ့ Surprise လုပ်ပေးခဲ့လို့ ပျော်ရွှင်ကြည်နူးနေတဲ့ ထရက်ရှာလေးရဲ့ အသည်းယားစရာ ရုပ်သံ

//s9.kh1.co/a5/a5c8bdde38f5626bbe775beffcc14077fc015d2e.jpg
အနုပညာရှင်များ

 ၁၂-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ အနုပညာရှင်တွေရဲ့ သားသမီးတွေထဲမှာ အဆိုတော် စန္ဒီမြင့်လွင်ရဲ့ တစ်ဦးတည်သော သမီး ထရက်ရှာလေးလည်း ပါဝင်ခဲ့ပါတယ်။ ယခုဆိုရင် ထရက်ရှာလေးဟာ တစ်နေ့တခြား စကားတွေအရမ်းတတ်လာသလို အသက် (၂)နှစ်လည်း ပြည့်လာခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် မေမေစန္ဒီမြင့်လွင်နဲ့အတူ ရိုက်ကူးရေးတွေမှာလည်း ပါဝင်လာတာ တွေ့ရပါတယ်။

Photo Credit - Sandy Myint Lwin
Photo Credit - Sandy Myint Lwin
Photo Credit - Sandy Myint Lwin
Photo Credit - Sandy Myint Lwin

ထရက်ရှာလေးဟာ လိမ္မာယဉ်ကျေးပြီး လူကြီးလေးတစ်ယောက်လိုမျိုး အိုက်တင်တွေလုပ်တတ်နေတာကြောင့် ဖေဖေမေမေတွေအပြင် ပရိသတ်တွေကလည်း အချစ်ပိုနေရတာ ဖြစ်ပါတယ်။ ထရက်ရှာလေးရဲ့ နေ့စဥ်ချစ်စရာလှုပ်ရှားမှုတွေကို ဖော်ပြပေးနေတဲ့ မေမေစန္ဒီမြင့်လွင်က ယနေ့မှာလည်း ပရိသတ်တွေ အသည်းယားလောက်မယ့် ရုပ်သံဖိုင်တစ်ခုကို လူမှုကွန်ယက်မှာ ထပ်မံဖော်ပြလာခဲ့ပါတယ်။

Photo Credit - Sandy Myint Lwin
Photo Credit - Sandy Myint Lwin
Photo Credit - Sandy Myint Lwin
Photo Credit - Sandy Myint Lwin

ဒါကတော့ မေမေစန္ဒီမြင့်လွင်က ထရက်ရှာလေး

လိုချင်တဲ့အရုပ်လေးကို ဝယ်ပေးပြီး Surprise လုပ်ပေးခဲ့တဲ့ ချစ်စရာရုပ်သံဖိုင်လေးပဲ ဖြစ်ပါတယ်။ အရုပ်ကလေးရတဲ့ အခါမှာလည်း မေမေက ဘာလို့ပေးတာလဲမေးရင် "ချစ်လို့ပေးတာ"ဆိုပြီး ပြောနေတဲ့စကားလေးက အသည်းစရာဖြစ်ရပါတယ်။ ပရိသတ်တွေလည်း စန္ဒီမြင့်လွင်တို့ သားအမိနှစ်ယောက်ရဲ့ ရုပ်သံဖိုင်လေးကို ကြည့်ရင်း ချစ်အားပိုစေမယ်လို့ ထင်ပါတယ်။

https://s9.kh1.co/__image/w=600,h=390,q=100/8a/8a0ec7b680a8da48e6bb12958492528b92b34591.jpg

သတင်း အရင်းအမြစ်Source - Sandy Myint Lwin

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T