မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ကျိုက်ထိုမြို့ ရှမ်းဈေး

//s9.kh1.co/fc/fc86f105bfe9885847da8196e79c81db8b2d5f41.jpg
နေ့စဉ်သတင်းများ

 ၁၂-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ကျိုက်ထိုမြို့ ရှမ်းဈေး

ယနေ့အောက်တိုဘာလ ၁၂ ရက် နံနက် ၆ နာရီအချိန်ခန့်က ကျိုက်ထိုမြို့ရှိ ပြည်သူ့ဈေး (ခေါ်) ရှမ်းဈေးမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ မီးက နံနက် ၆ နာရီမထိုးခင်လောက်မှာ စလောင်တာဖြစ်ပြီး ရှမ်းဈေးရုံ (၄) က အီလက်ထရောနစ်ပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်တဲ့ဆိုင်က စတင်လောင်ခဲ့တာလို့သိရပါတယ်။

Facebook
Facebook
Facebook
Facebook

ကုန်စိမ်းတန်း နှင့် သားငါးတန်းတို့က ဖွင့်နေပြီဖြစ်တာကြောင့် လူနိုင်သွားပြီး မီးကိုအချိန်မီငြိမ်းသတ်နိုင်ခဲ့ပါတယ်။ နံနက် ၆ နာရီခွဲအချိန်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

Facebook
Facebook

မီးထိန်းနိုင်ခဲ့ပေမယ့် စုစုပေါင်း ဆိုင်ခန်း ၈ ခန်းလောက်မီးလောင်တဲ့အထဲပါသွားပြီး မီးဟပ်တဲ့ဆိုင်တွေလည်းရှိတယ်လို့ ကျိုက်ထိုမြို့ခံတစ်ဦး အဆိုအရသိရပါတယ် ။

Facebook
Facebook

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ သေဆုံးသူမရှိပေမယ့်  ပျက်စီးဆုံးရှုံးမှုတန်ဖိုးက ကျပ် ၂၁ သိန်းနီးပါးရှိတယ်လို့ စစ်တမ်းများအရ တွေ့ရှိရပါတယ်။

Source - Than Lwin Time

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T