တိုင်းရင်းသားဝတ်စုံလေး ဝတ်ကာ အဖိနှိပ်ခံတိုင်းရင်းသားတွေနဲ့ တစ်သားတည်းရပ်တည်သွားမယ်လို့ ဆိုလာတဲ့ ပြည်သူ့မင်းသမီးမြတ်နိုးအေး

//s9.kh1.co/69/6955e1fa49dba6726548f65c41596195b0939136.jpg
အနုပညာရှင်များ

 ၁၂-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ချစ်စရာကောင်းလိုက်တာနော်..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

မင်းသမီးမြတ်နိုးအေးလို့ဆိုလိုက်တာနဲ့ မျက်နှာချိုချို ချစ်စဖွယ် ဘိုဆန်ဆန် မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေးလို့ အများကသိကြပါတယ်။သူမ ဟာ လူငယ်တွေကြားမှာ သာမက လူလတ်ပိုင်းတွေကြားမှာပါ ရေပန်းစားကျော်ကြားနေတဲ့ မင်းသမီးတစ်လက်ဆိုလည်းမမှားပါဘူး။

photo credit from Myat Noe Aye
photo credit from Myat Noe Aye
photo credit from Myat Noe Aye
photo credit from Myat Noe Aye

သူမဟာ သူ မတူတဲ့ သရုပ်ဆောင်ချက်တွေ ကြောင့်လည်း အထူးရေပန်းစားနေသူလေးဖြစ်ပါတယ်။သူမဟာ အခြားသော အနုပညာလုပ်ငန်းဖြစ်တဲ့ မော်ဒယ် လုပ်ငန်းကိုလည်းလက်ရှိမှာ လုပ်ကိုင်နေတာဖြစ်ပါတယ်။သူစိမ်းအိမ် ဇာတ်ကားကြီးမှာလည်းသူမရဲ့ ထိမိတဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခြင်းကို အပြည့်အဝရရှိထားသူဆိုရင်လည်းမမှားပါဘူး။

photo credit from Myat Noe Aye
photo credit from Myat Noe Aye
photo credit from Myat Noe Aye
photo credit from Myat Noe Aye

လက်ရှိမှာ သူမဟာ နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှု အချို့မှာ ပါဝင်ဆောင်ရွက်နေမှု ကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် ဝရမ်းထုတ်ခံထားရတာဖြစ်ပါတယ်။လက်ရှိမှာ သူမဟာ နေအိမ်မှ ရှောင်တိမ်းနေရတာဖြစ်ပြီး ပရီတ်သတ်နှင့်အဝေးတစ်နေရာမှာရောက်ရှိနေတာဖြစ်ပါတယ်။သူမဟာ ယမန်နေ့ အောက်တိုဘာ(၁၁)ရက်နေ့က သူမရဲ့ Facebook စာမျက်နှာပေါ်မှာ တိုင်းရင်းသားများနဲ့ ပတ်သက်ပြီး သူမအနေနဲ့ တစ်သားတည်း ရှိနေပေးမည်ဖြစ်ကြောင်း Campaign တစ်ခုမှာပါဝင်ပြီး သူမရဲ့ ဆန္ဒကို ထုတ်ဖော်လာခဲ့ပါတယ်။သူမရဲ့ ပရီတ်သတ်များကလည်း သူမကို ကျေးဇူးတင်ကြောင်း၊ချစ်ခင်ကြောင်း နှင့် သူမအား ဘေးရန်ကင်းရှင်းစေလိုကြောင်း မှတ်ချက်ပေးရေးသားဖော်ပြခဲ့ကြပါတယ်။

photo credit from Myat Noe Aye
photo credit from Myat Noe Aye
photo credit from Myat Noe Aye
photo credit from Myat Noe Aye
photo credit from Myat Noe Aye
photo credit from Myat Noe Aye
photo credit from Myat Noe Aye
photo credit from Myat Noe Aye
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T