London, Lucky Strike, Kent အမှတ်တံဆိပ် စီးကရက်တွေကို ပြည်တွင်းမှာ ထုတ်လုပ်ဖြန့်ချိရောင်းချနေတဲ့ British American Tabacco Company ထပ်မံပိတ်သိမ်း

//s9.kh1.co/24/24edcd8e9f34414ba73537e6387129ec727d6499.jpg
နေ့စဉ်သတင်းများ

 ၁၂-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

အလုပ်အကိုင်တွေရှားကုန်ပြီ ....

Kent, London, Lucky Strike အစရှိတဲ့ စီးကရက်တွေ ထုတ်လုပ်တဲ့ British American Tobacco Company က အောက်တိုဘာလ (၆) ရက်နေ့က စတင်ပြီး လုပ်ငန်းရပ်ဆိုင်းကြောင်း ကုန်သည်များထံ အသိပေး အကြောင်းကြားခဲ့ပါတယ်။

Photo Credit : Google
Photo Credit : Google

စစ်တပ်က အာဏာသိမ်းပြီး ရှစ်လအကြာမှာ လုပ်ငန်းရပ်ဆိုင်းခဲ့တဲ့ အဆိုပါ ကုမ္ပဏီ က ၂၀၁၃ ခုနှစ်ကစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Kent, London, Lucky Strike အစရှိတဲ့ စီးကရက်တွေ ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးခဲ့တဲ့ Company တစ်ခု ဖြစ်ပြီး ပြည်တွင်းရောင်းအား အကောင်းဆုံး Company တစ်ခုလည်းဖြစ်ပါသည်။

Photo Credit : HTY Information
Photo Credit : HTY Information
Photo Credit : HTY Information
Photo Credit : HTY Information
Photo Credit : HTY Information
Photo Credit : HTY Information

British American Tobacco Company ရဲ့ အကြောင်းကြားစာမှာ BAT Myanmar Company ရဲ့ ကုန်ထုတ်လုပ်မှု၊ အရောင်းနဲ့ ဖြန့်ချိရေး လုပ်ငန်းတွေ အားလုံးကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့မှစတင်ပြီး ရပ်စဲလိုက်ပြီဖြစ်ကြောင်း ဝမ်းနည်းစွာ အသိပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်း BAT Myanmar ၏ နိုင်ငံတကာအဆင့်မီ စီးကရက်အမှတ်တံဆိပ်တွေကို အစဉ်တစိုက် ယုံကြည်အားပေးခဲ့မှုအတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်းလည်း ကုန်သည်တွေထံ အကြောင်းကြားစာမှာ ရေးသားထားပါတယ်။

Photo Credit : HTY Information
Photo Credit : HTY Information

စစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ နာမည်ကြီး ဆက်သွယ်ရေးကုမ္ပဏီ Telenorအပါအဝင်၊ METRO အပြင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကုမ္ပဏီများစွာနဲ့ စက်ရုံအလုပ်ရုံအများစု အပြီးအပိုင်ထွက်ခွာသွားခဲ့ကြပါတယ်။ ယခုထိ လုပ်ငန်းရပ်ဆိုင်းထားဆဲ ကုမ္ပဏီမြောက်များရှိနေခဲ့ပြီး ထပ်မံပိတ်သိမ်းသွားကြမှာ ဝန်ထမ်းအများစု စိုးရိမ်ပူပန်နေကြရပါတယ်။

Source : HTY Information

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T