ယနေ့မနက်ပိုင်းမှာ မီးလောင်မှုဖြစ်ခဲ့လို့ ပြည်သူပိုင်ဆိုင်ခန်း (၈)ခန်းကျော်လောက် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ကျိုက်ထိုမြို့မဈေးကြီး

//s9.kh1.co/5d/5da561ea2712eca11e66a201024ae4f0ec700633.jpg
နေ့စဉ်သတင်းများ

 ၁၂-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ဒီမိုကရေစီလှုပ်ရှားနေတဲ့ ကာလအတွင်း မြန်မာနိုင်ငံနေရာဒေသတချို့တွေမှာ လုယက်မှုတွေလည်း ရှိလာခဲ့သလို မီးလောင်မှုတွေလည်း ဆက်တိုက် ဖြစ်ပွားလာတာ တွေ့ရပါတယ်။ မီးလောင်မှုတွေ အများဆုံးဖြစ်ပွားနေတဲ့ နေရာတွေကတော့ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦး၊ ဈေး၊ ရပ်ကွက်ရုံး၊စက်ရုံတွေအပြင် နေအိမ်တွေအများဆုံးဖြစ်ပြီး အသက်သေဆုံးရတဲ့ အဖြစ်တွေနဲ့လည်း ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

Photo Credit - MFSD
Photo Credit - MFSD
Photo Credit - MFSD
Photo Credit - MFSD

ဒီကနေ့ အောက်တိုဘာ (၁၂) ရက်နေ့မှာလည်း မွန်ပြည်နယ်အတွင်းမှာ အများပြည်သူတွေအသုံးပြုနေတဲ့ ဈေးတစ်ဈေး မီးလောင်မှုဖြစ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မီးလောင်မှုဖြစ်ခဲ့တဲ့ ဈေးကတော့ ကျိုက်ထိုမြို့နယ်က မြို့မဈေးပဲဖြစ်ပါတယ်။ မနက် (၅) နာရီ (၅၀)မိနစ်လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ ရေသယ်ယာဉ် (၁) စီး၊ သန္ဓမေီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ထွက်ခွာငြှိမ်းသတ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - MFSD
Photo Credit - MFSD
Photo Credit - MFSD
Photo Credit - MFSD

မနက် (၆ )နာရီ (၁၉)မိနစ် အချိန်မှာ မီးငြိမ်းသတ်နိုင်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားခဲ့ပါတယ်။ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မသိရသေးပေမယ့် ဆိုင်ခန်း (၈) ခန်းကျော်လောက်ပါသွားခဲ့တယ်လို့ သိရပါတယ်။ ဖော်ပြလာတဲ့ ရုပ်ပုံတွေအရ မီးသတ်တပ်ဖွဲ့က မီးကျန်များအား ရှင်းလင်းမှုတွေလုပ်ဆောင်နေပြီး ဈေးသူဈေးသားတချို့က လာရောက်ကြည့်ရှုနေကြတာ တွေ့ရပါတယ်။

Photo Credit - MFSD
Photo Credit - MFSD

သတင်း အရင်းအမြစ်Source - MFSD

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T