"ပီတိကိုသာ စားပြီးမေတ္တာပေးလို့ သံသရာမှာ အေးချမ်းစွာကျင်လည်ချင်ပါတယ် "လို့ဆိုလာတဲ့ ပရဟိတ မင်းသမီး ခိုင်နှင်းဝေ

//s9.kh1.co/b1/b125ae69a7919facd29f0a8b4e28fae0d4640a5a.jpg
အနုပညာရှင်များ

 ၁၂-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

"ပီတိကိုသာ စားပြီးမေတ္တာပေးလို့ သံသရာမှာ အေးချမ်းစွာကျင်လည်ချင်ပါတယ် "လို့ဆိုလာတဲ့ ပရဟိတ မင်းသမီး ခိုင်နှင်းဝေ

ပရဟိသမင်းသမီးဖြစ်တဲ့ ခိုင်နှင်းဝေကတော့ ပရဟိတလုပ်ငန်းများကို စိတ်ရောကိုယ်ရောနှစ်ပြီး စေတနာအပြည့်နဲ့ လုပ်ကိုင်ပေးနေတာကြောင့် ပရိတ်သတ်များက သူမအတွက် လေးစားပြီး ဝမ်းသာပီတိဖြစ်ရပါတယ်။

Photo Credit- Khine Hnin Wai's Facebook<br>
Photo Credit- Khine Hnin Wai's Facebook

သူမဟာ လက်ရှိမှာ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာကို ထူထောင်ထားတဲ့အပြင် နာမကျန်းဖြစ်နေတဲ့ကလေးလေးများအတွက် ဆေးကုသစာရိတ်များအကုန်ကျခံကာ ကူညီပေးနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Photo Credit - Khine Hnin Wai's Facebook
Photo Credit - Khine Hnin Wai's Facebook

သူမဟာ လိုအပ်နေပြီးဒုက္ခရောက်နေတဲ့သူတွေအတွက်လည်း တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးနေတဲ့သူတစ်ဦးဖြစ်သလို သူမရဲ့ဂေဟာမှာ ရှိတဲ့ ကလေးလေးတွေကိုလည်း ကိုယ့်ရင်သွေးလေးတွေလို ပြုစုစောင့်ရှောက်ပေးနေတဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit - Khine Hnin Wai's Facebook
Photo Credit - Khine Hnin Wai's Facebook

အစ်မခိုင်နှင်းဝေကတော့ သူမရဲ့လှူဒါန်းမှုတွေမှာဆိုရင် ပုဂ္ဂိုလ်စွဲမရှိ စိတ်ဖြတ်ပြီး လှူဒါန်းတယ်လို့ ဆိုပါတယ်။နောက်ပြီးတော့ သူမရဲ့ပရဟိတအလုပ်တွေပေါ်မှာလည်း မျှော်လင့်ခြင်းဆိုတဲ့စိတ်ကိုဖြတ်ပြီး ဘာတစ်ခုမှ ရယူပိုင်ဆိုင်လိုတဲ့စိတ်မရှိအောင်အလုပ်လုပ်တဲ့အပြင် သူမရဲ့ပရဟိတ အလုပ်တွေမှာ သူမဟာ ပီတိကိုသာစားပြီး မေတ္တာတွေပဲပေးချင်တဲ့သူတစ်ယောက်ဖြစ်ချင်တယ်လို့ဆိုထားပါတယ်။

Photo Credit - Khine Hnin Wai's Facebook
Photo Credit - Khine Hnin Wai's Facebook

အစ်မရဲ့ဆုတောင်းတွေ အမြဲပြည့်ဝပြီး ပရဟိတတွေကို ဒီထက်မက ပိုလုပ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Khine Hnin Wai

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T