"ပါးဖောင်းဖောင်းလေးနဲ့ အရမ်းလိမ္မာပြီး သူမရရှိတဲ့ အနုပညာကြေးလေးကို မေမေကိုပေးမယ်ဆိုတဲ့ Ivy လေး "

//s9.kh1.co/26/26c0e786883ee88389d68439a39d6e6d83fc416f.jpg
အနုပညာရှင်များ

 ၁၁-အောက်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

"ပါးဖောင်းဖောင်းလေးနဲ့ အရမ်းလိမ္မာပြီး သူမရရှိတဲ့ အနုပညာကြေးလေးကို မေမေကိုပေးမယ်ဆိုတဲ့ Ivy လေး "

ပရိတ်သတ်တွေရဲ့အားပေးမှုကို အခိုင်အမာရထားပြီး အနုပညာလောကမှာ အချစ်သီချင်း Hip Hop သီချင်းတွေနဲ့ နာမည်ကြီးခဲ့တဲ့ အဆိုတော်အေသင်ချိုဆွေကို လူတိုင်းသိကြမယ်ထင်ပါတယ်။

Photo Credit- Aye Then Cho Swe's Facebook<br>
Photo Credit- Aye Then Cho Swe's Facebook

သူမဟာ အဆို​တော်အလုပ်အပြင် Video ဇာတ်ကားတွေမှာပါ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။သူမရဲ့သီချင်းတွေကတော့ အခုချိန်ထိအောင်မြင်နေဆဲပဲ ဖြစ်ပါတယ်။ယခုလက်ရှိမှာတော့ အဆို​တော်အေသင်ချိုဆွေဟာ ချစ်စရာအရမ်းကောင်းလွန်းတဲ့ သမီးလေး Ivy နဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

Photo Credit - Aye Then Cho Swe's Facebook
Photo Credit - Aye Then Cho Swe's Facebook

သူမရဲ့ချစ်စရာကောင်းတဲ့ သမီးလေး Ivy လိမ်မာပုံလေးကို သူမရဲ့ Facebook မှာ Ivy : တော်ပြီ အိုင်ဗီ ဗိုက်ပြည့်နေပြီနော်၊ ရိုက်ချင်တော့ဘူးနော်၊ ပြီးပြီနော်?

Ivy ဘွားဘွား - အိုင်ဗီမရိုက်ရင် မေမေက ပိုက်ဆံမရတော့ဘူးနော်၊ 

Ivy မေမေ- ဗီးဗီးရေ မေမေက ပိုက်ဆံတွေ ပြန်ပေးရမှာပေါ့ 

ဗီးဗီးက မေမေကို money ပေးမယ်ဆို?‍?

Ivy: အိုကေ အိုကေ အဲ့ဆို ivy ရိုက်လိုက်မယ် ❤️

အမလေး vlog လေးတခုရိုက်ဖို့ကို သူစိတ်ပါအောင် ချော့လိုက် ခြောက်လိုက်နဲ့ သူ့အဒေါ်မို့စိတ်ရှည်တာ 

ကိုယ်ဆို စိတ်မရှည်ဘူး၊ တော်သေးတာပေါ့ ရိုးရိုး blog လေးမို့၊ 

အိုင်ဗီနဲ့ ကြော်ငြာ ချင်ရင် Still photo shoot လေးနဲ့ပဲ ပိုအဆင်ပြေပါမယ်ရှင့်၊ client တွေကိုလည်း အားနာလို့ပါ။ 

အိုင်ဗီမေမေကတော့ မရိုက်သေးပါဘူး လို့ သူမရဲ့ Facebook ကနေ ဝေမျှခဲ့ပါတယ်။

Photo Credit - Aye Then Cho Swe's Facebook
Photo Credit - Aye Then Cho Swe's Facebook
Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T