ကရင်ဝတ်စုံလေးဝတ်ပြီး စစ်အာဏာရှင်ဘေးကနေ ကျော်လွှားနိုင်ဖို့ တိုင်းရင်းသားတွေနဲ့တစ်သားတည်းအတူ ခံစားနေရပါတယ်ဆိုတဲ့ မြနှင်းရည်လွင်

//s9.kh1.co/b3/b33019251e0ae260c6f5dba682d49eaebd71319f.jpg
အနုပညာရှင်များ

 ၁၁-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

စိတ်ဓာတ်လေးက လေးစားဖို့ကောင်းလိုက်တာ ....

MRTV-4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ပြီး ပီပြင်တဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူကတော့ မင်းသမီးချောမြနှင်းရည်လွင်ပဲဖြစ်ပါတယ်..။ မြနှင်းရည်လွင်ကတော့ဖေဖော်ဝါရီလ အစပိုင်းကတည်းက ပြည်သူတွေနဲ့အတူ ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံကာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်ကာ အားလုံးနဲ့အတူ ရပ်တည်နေသူလည်း ဖြစ်ပါတယ်..။

Photo Credit : Mya Hnin Yee Lwin’s FB Acc
Photo Credit : Mya Hnin Yee Lwin’s FB Acc

ဒါကြောင့်နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့် အရေးယူခံထားရတာဖြစ်ပြီးရှောင်တိမ်းနေရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘေးကင်းလုံခြုံတဲ့ နေရာမှာ နေထိုင်နေပြီးတော်လှန်ရေးတိုက်ပွဲတွေအတွက် ကျရာအခန်းကဏ္ဍကနေ ပါဝင်ကူညီ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

Photo Credit : Mya Hnin Yee Lwin’s FB Acc
Photo Credit : Mya Hnin Yee Lwin’s FB Acc

လက်ရှိမှာတော့ မြနှင်းရည်လွင်က "Public Voice Television" ရဲ့အစီအစဥ်တစ်ခုမှာ တော်လှန်ရေးအသိပညာပေးပြီး ဝင်ရောက်ဆွေးနွေးခြင်းတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်မှာရှိတဲ့ ပြည်ထဲရေးနဲ့လူဝင်မှု ကြီးကြပ်ရေးဝန် ကြီးဌာန Facebook Page မှာလည်း အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ယူဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။မြနှင်းရည်လွင်က နူးညံ့တဲ့မိန်းမသားတစ်ယောက်ဖြစ်ပေမယ့်လည်း တော်လှန်ရေးမှာ လက်နက်ကိုင်ပြီး ပါဝင်နေတာ ဖြစ်ပါတယ်။

Photo Credit : Mya Hnin Yee Lwin’s FB Acc
Photo Credit : Mya Hnin Yee Lwin’s FB Acc

မြနှင်းရည်လွင်ရဲ့ လူမှုကွန်ယက်မှာလဲ ကရင်တိုင်းရင်းသား ဝတ်စုံလေးကိုဝတ်ပြီး စစ်အာဏာရှင်ဘေးကနေ ကျော်လွှားနိုင်ဖို့ ကျမ အားလုံးနဲ့ အတူတူရှိနေပါတယ်တဲ့။ သူမလည်း မြန်မာပြည်အနှံ့က တိုင်းရင်းသား ပြည်သူတွေနဲ့ တစ်သားတည်းအတူ ခံစားနေရကြောင်း ကိုပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။

Photo Credit : Mya Hnin Yee Lwin’s FB Acc
Photo Credit : Mya Hnin Yee Lwin’s FB Acc

“ကျမချစ်ခင်လေးစားရတဲ့ ကရင်တိုင်းရင်းသားတွေရဲ့ဝတ်စုံကိုဝတ်ပြီး စစ်အာဏာရှင်ဘေးကို ရင်ဆိုင်နေရတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအားလုံး သဘာဝဘေး၊ လူကြောင့်ဖြစ်တဲ့ဘေးတွေ အားလုံးကနေ ကင်းဝေးစေကြဖို့ ဆုတောင်းမေတ္တာပို့ပါတယ်။ ဒီဘေးဆိုးတွေကနေကျော်လွှားနိုင်ဖို့ ကျမ အားလုံးနဲ့ အတူတူရှိနေပါတယ်။ စစ်အာဏာရှင်ဘေးကို အတူတူ ကျော်လွှားကြမယ်။

Photo Credit : Mya Hnin Yee Lwin’s FB Acc
Photo Credit : Mya Hnin Yee Lwin’s FB Acc

အခု ကျွန်မတို့ တိုင်းပြည်ဟာ သဘာဝဘေး ကပ်ရောဂါဘေးတွေ သာမက စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ လူကြောင့် ဖြစ်တဲ့ဘေးဒဏ်ကိုပါ ဆိုးဆိုးရွားရွား ခံစားနေကြရပါတယ်။ အဲဒါကြောင့် စစ်ဘေးဒဏ်ခံစားနေရတဲ့ မြန်မာပြည်အနှံ့က တိုင်းရင်းသားပြည်သူတွေနဲ့ တစ်သားတည်းအတူ ခံစားနေရကြောင်း နဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့၊ ဘေးသင့်ပြည်သူတွေကို ကူညီစောင့်ရှာက်ဖို့အတွက် ပြည်သူအားလုံးက အတူကြိုးစားနေကြောင်း ပြဖို့  အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ ဖြစ်တဲ့ အောက်တိုဘာလ ၁၃ရက်နေ့မှာ ပြုလုပ်မယ့် ဒီ ကမ်ပိန်းလေးမှာ အတူပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

Photo Credit : Mya Hnin Yee Lwin’s FB Acc
Photo Credit : Mya Hnin Yee Lwin’s FB Acc

အောက်တိုဘာ ၁၃ရက်နေ့ (ဗုဒ္ဓဟူးနေ့)မှာ ကိုယ့်မှာရှိတဲ့ တိုင်းရင်းသား ဝတ်စုံကို ဝတ်မယ်၊ ပြီးရင် လူသားချင်း စာနာမှု ကို ပြသတဲ့ အဓိပ္ပါယ် နဲ့ ညာဘက်လက်ကို ဘယ်ဘက် နှလုံးသားပေါ် တင်၊ တော်လှန်ရေး သင်္ကေတ လက်၃ချောင်းထောင် ဓာတ်ပုံရိုက်ပြီး ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာတွေမှာ မျှဝေရင်း ဒီ ကမ်ပိန်းမှာ ပါဝင်ပေးနိုင်ပါတယ်။” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

Source : Mya Hnin Yee Lwin’s FB Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T