" မြန်မာနိုင်ငံမှာရှိတဲ့ အသက်အကြီးဆုံး(၁၂၈)နှစ် အဘွား ဒေါ်ထွေးအား ငွေကျပ် ၁၀ သိန်း ပေးအပ်ကန်တော့ "

//s9.kh1.co/b7/b7bed7303fec3884a7e7246a217b135b21ac247a.jpg
နေ့စဉ်သတင်းများ

 ၁၁-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

" မြန်မာနိုင်ငံမှာရှိတဲ့ အသက်အကြီးဆုံး(၁၂၈)နှစ် အဘွား ဒေါ်ထွေးအား ငွေကျပ် ၁၀ သိန်း ပေးအပ်ကန်တော့ "

၂၀၂၁ ခုနှစ်အောက်တိုဘာလ (၁)ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့မှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဘိုးဘွားများထဲက အသက်အကြီးဆုံးအဘွားအဖြစ် သတ်မှတ်ခြင်းခံရတဲ့ သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်၊ရှမ်းရွာအုပ်စု၊သရက်ပင်ကန်ရွာမှာရှိတဲ့ အဖွားဒေါ်ထွေးအသက် (၁၂၈)နှစ်အား အောက်တိုဘာ (၉)ရက်နေ့ နံနက်ပိုင်းအချိန်မှာ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဋ္ဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ယဥ်ယဥ်ပြုံးနဲ့ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန၊လူမှုဝန်ထမ်းဦးစီးဋ္ဌာနမှ ထောက်ပံ့ပေးသည့် ငွေကျပ် (၁၀) သိန်းအား ထောက်ပံပေးအပ် ကန်တော့ခဲ့ကြပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T