မိုးအဆက်မပြတ် ရွာသွန်းခဲ့ရာကနေ ဒေသခံပြည်သူ (၁)သိန်းကျော်လောက်ကို အရေးပေါ်ပြောင်းရွှေ့ခဲ့ရတဲ့ တရုတ်နိုင်ငံက ရေကြီးမှု

//s9.kh1.co/42/420e36f8a3b51bf0e82a6b80274b42428e7e9a31.jpg
နေ့စဉ်သတင်းများ

 ၁၁-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ရှန်စီပြည်နယ်မှာ
ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း CGTN သတင်းက ဖော်ပြလာခဲ့ပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့်  ဆောက်လက်စရထားလမ်းများ ၊ တံတားများရေတိုက်စားကာပျက်ဆီးခဲ့သလို လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခဲ့ရသလို  မြေပြိုကျမှုတွေပါဖြစ်ပေါ်စေခဲ့ပါတယ်။

Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN

ဒါ့အပြင်  ကောက်ပဲသီးနှံဟက်တာ (၁၉၀၀၀၀) နီးပါးပျက်စီးခဲ့ပြီး အဆောက်အဦး (၁၇၀၀၀) ကျော်လည်း ပြိုကျပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ရှန်စီပြည်နယ်မှာ ခရိုင် (၇၆) ခုရှိပြီး မြို့နေလူ ဦး ရေ (၁.၇၅)သန်းကျော်ရှိတဲ့ ပြည်နယ်တစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါပြည်နယ်ဟာ ပုံမှန်အားဖြင့် မိုးနည်းသောဒေသဖြစ်ပြီး မိုးလေဝသရဲ့ တိုင်းထွာချက်တွေအရ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပုံမှန်မိုးရွာသွန်းမှုထက် (၅) ဆခန့်ပိုမို ရွာသွန်းခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN

ရှန်စီပြည်နယ်က ဒေသခံပြည်သူ  (၁၂၀,၀၀၀) ကျော်လောက်ကိုလည်း ယာယီဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့တယ်လို့ အာဏာပိုင်များကတနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြောင်း ဆိုပါတယ်။  ဒေသခံအစိုးရက ရေဘေးထိန်းချုပ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းကို ယွမ်သန်း ၅၀ (ဒေါ်လာ ၇.၈ သန်းခန့်) ကို အသုံးပြုထားပြီး ဝါဂွမ်းအ၀တ်များနှင့် စောင်များ ထောက်ပံ့ထားကြောင်းသိရပါတယ်။

Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN

သတင်း အရင်းအမြစ်Source - CGTN



Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T