ပိုင်တံခွန်အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့အတွက် ကမ္ဘာကသိအောင် ပြောပြပေးခဲ့တဲ့ ကမ္ဘောဒီးယားအလှမယ် Sothida Pokimtheng

//s9.kh1.co/36/36de646414cdf77f275747212985c429b0a51f2f.jpg
အနုပညာရှင်များ

 ၁၁-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ကိုပိုင် အမြန်ဆုံး လွတ်မြောက်ပါစေ .....

နိုင်ငံကျော် မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ယောကျာ်းဆန်တဲ့ မျက်နှာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားလေးတစ်ဦး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာသာမက အိမ်နီးချင်း ထိုင်းနိုင်ငံမှာ Fan Meeting ပြုလုပ်ရတဲ့အထိ အောင်မြင်တဲ့ ပိုင်တံခွန် က ဂျပန် ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့ အာရှနိုင်ငံများအပြင် ဘရာဇီး ၊ သြစတေးလျ ၊ ဂျာမနီ စတဲ့ အနောက်တိုင်း နိုင်ငံတွေအထိပါ ပရိတ်သတ်တွေ အားပေးတာကို ခံခဲ့ရတဲ့ မင်းသားတစ်ဦးဖြစ်ပါတယ်။

Photo Credit :Paing Takhon's Facebook
Photo Credit :Paing Takhon's Facebook

ပိုင်တံခွန်ကတော့ ဒီအရေးတော်ပုံကြီး စတင်ထဲက အားကြိုးမာန်တတ်နဲ့လမ်းပေါ်ထွက်ကာ ရဲရဲရင့်ရင့် ဆန္ဒထုတ်ဖော်ခဲ့သူတစ်ယောက်ဖြစ်သလို ပြည်သူတွေကိုလည်းရှေ့ကနေ ကာကွယ် စောင့်ရှောက်ပေးမှု တွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ အခုလက်ရှိမှာတော့ ပိုင်တံခွန်က နွေဦးတော်လှန်ရေးမှာ အမှန်တရားဘက်က ရပ်တည်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က)နဲ့ ဧပြီလ (၇)ရက်နေ့က အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပါတယ်။

Photo Credit :Paing Takhon's Facebook
Photo Credit :Paing Takhon's Facebook

ဒါကြောင့်လည်း ချစ်ရတဲ့ မိသားစုနဲ့ ပရိသတ်တွေက  ပိုင်တံခွန်ကို အမြန်ဆုံး လွတ်မြောက်လာဖို့ကို ရင်ခုန်စွာနဲ့ မျှော်လင့်နေသလို  ယနေ့အထိလည်း သူ့အတွက် ချစ်ရတဲ့ ပရိသတ်တွေက ဆုတောင်းပေးတာတွေ အလှူလေးတွေလည်း ပြုလုပ်ပေးနေကြပါတယ်။

Photo Credit : Sothida Pokimtheng 's Facebook
Photo Credit : Sothida Pokimtheng 's Facebook

ကမ္ဘောဒီးယားအလှမယ် Sothida ကလည်း ပိုင်တံခွန်အမြန်ဆုံးပြန်လည်လွတ်ဖို့နဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို ကမ္ဘာကြီးကသိစေဖို့ speak out လုပ်ပေးခဲ့တာဘဲဖြစ်ပါတယ်။

Photo Credit : MISS Myanmar Nation
Photo Credit : MISS Myanmar Nation
Photo Credit : Sothida Pokimtheng 's Facebook
Photo Credit : Sothida Pokimtheng 's Facebook

သူမဟာ “ပိုင်တံခွန်” နဲ့အတူ ရုတ်ရှင်ဇာတ်ကားကြီးတစ်ခုအတွက် ရိုက်ကူးဖို့ ပြုလုပ်ထားသူဖြစ်ပြီး မြန်မာ့အရေးကို လည်းအရင်တည်းက SpeakOut လုပ်ပေးခဲ့သလို စက်တင်ဘာလ (၁၀) ရက်နေ့ မနေ့က Miss Grand Cambodia 2021ပြိုင်ပွဲကြီးမှာလည်း မြန်မာ့အရေးနဲ့ပတ်သတ်ပြီးတတ်စွမ်းသလောက် SpeakOut လုပ်ပေးခဲ့ပါသေးတယ်။

Photo Credit : Sothida Pokimtheng 's Facebook
Photo Credit : Sothida Pokimtheng 's Facebook
Photo Credit : Sothida Pokimtheng 's Facebook
Photo Credit : Sothida Pokimtheng 's Facebook

မြန်မာ့ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို တခဲနက်ရရှိခဲ့ထားတဲ့ သူမဟာ ကမ္ဘာဒီးယားနိုင်ငံရဲ့ မင်းသမီးလေးတစ်ဦးဖြစ်ပြီး ဗမာစကားကိုလည်း ပြောဆိုတတ်သူလည်း ဖြစ်ပါတယ်။

Miss Universe Cambodia 2019 မှာလည်းယှဉ်ပြိုင်ခဲ့ပြီး 3rd Runnerup ထိ တက်လှမ်းနိုင်ခဲ့ပါတယ်။MissTourismWorld 3rd Runnerup ထိတက်လှမ်းခဲ့ပြီးMiss Grand International (Cambodia) ပွဲကြီးကိုတော့ 2016 မှာတစ်ကြိမ်, 2017 မှာတစ်ကြိမ်နဲ့ 2021 ခုနှစ်မှာ (၃ကြိမ်မြောက်) ထပ်မံယှဉ်ပြိုင်ပြီး  Winner ဆုကိုထိုက်တန်စွာ ရရှိခဲ့တာပဲဖြစ်ပါတယ်။

Photo Credit : MISS Myanmar Nation
Photo Credit : MISS Myanmar Nation
Photo Credit : MISS Myanmar Nation
Photo Credit : MISS Myanmar Nation

Source : Sothida Pokimtheng 's Facebook

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T