ခွဲခွာနေရတာကြောင့် သမီးဖြစ်သူ မစ်မစ်တုန်လေးနဲ့ ပတ်သက်ပြီး ရင်တွင်းခံချက်တွေ ဖွင့်ဟလာခဲ့တဲ့ အဆိုတော် အာဇာနည်

//s9.kh1.co/a0/a0d01d2f26510f4303e29454487dabc738ddba60.jpg
အနုပညာရှင်များ

 ၁၁-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

မိသားစုတွေ အမြန်ဆုံး ပြန်လည် ဆုံစည်းနိုင်ကြပါစေ ....

အသံပါဝါကောင်းကောင်းနဲ့ သီချင်းသစ်တွေကို အမြဲဖန်တီးနေသူကတော့ အဆိုတော် R ဇာနည်ပဲ ဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ ၁၀ နှစ်မက ရပ်တည် လာခဲ့တဲ့သူ ဖြစ်တာကြောင့် ပရိသတ် တွေက အားပေးကြမ်းနေကြတာပဲ ဖြစ်ပါတယ်။ R ဇာနည်ဟာ တေးသီချင်း  Album ပေါင်းများစွာကို ထွက်ရှိခဲ့ပြီး IC အဖွဲ့မှာလည်း အဖွဲ့ဝင် တစ်ဦးဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။  

Photo Credit :  Zarni Myo Nyunt's Facebook Account
Photo Credit : Zarni Myo Nyunt's Facebook Account

အာဇာနည် ကတော့ သားလေး ၂ ယောက်နဲ့ အတူ သမီးလေး တစ်ယောက်ကိုပိုင်ဆိုင်ထားတာကြောင့် သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ တစ်ယောက်လည်းဖြစ်ပါတယ်။

Photo Credit :  Zarni Myo Nyunt's Facebook Account
Photo Credit : Zarni Myo Nyunt's Facebook Account

အာဇာနည် ကတော့ မြန်မာပြည်ရဲ့လက်ရှိ အခြေအနေမှာလည်း ပြည်သူနဲ့အတူ တစ်သားတည်း ရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။ တွယ်တာစရာ မိသားစုနှောင်ကြိုးတွေ ရှိနေပေမယ့်လည်း အမှန်တရားဘက်က ရပ်တည်ပြီး အခုလို တိုက်ပွဲ ဝင်ခဲ့တာပဲဖြစ်ပါတယ်။

Photo Credit :  Zarni Myo Nyunt's Facebook Account
Photo Credit : Zarni Myo Nyunt's Facebook Account

အာဇာနည်က တော်လှန်ရေးတိုက်ပွဲကြီးမှာ ရဲရဲရင့်ရင့်နဲ့ အင်တိုက်အားတိုက်ပြုလုပ်တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့် အရေးယူခြင်း ခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ လတ်တလောမှာ အခက်အခဲတွေနဲ့ အန္တရာယ်တွေကြားက ရှောင်တိမ်းပုန်း ခိုနေရသူလည်း ဖြစ်ပါတယ်..။

Photo Credit :  Zarni Myo Nyunt's Facebook Account
Photo Credit : Zarni Myo Nyunt's Facebook Account

အာဇာနည်ရဲ့ သားလေးတွေဟာလည်း ပရိသတ်တွေသာမကဘဲ အနုပညာရှင်များကပါ ချစ်မဝဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ သမီးလေးကလည်း အားလုံးရဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။

အခုမှာလည်း အာဇာနည်က အဝေးရောက် တစ်နေရာကနေ “ချစ်မစ်လေး” ဆိုပြီးသူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ သမီးလေး မစ်မစ်တုန်ရဲ့ ဓာတ်ပုံလေးတင်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit :  Zarni Myo Nyunt's Facebook Account
Photo Credit : Zarni Myo Nyunt's Facebook Account

အခုလို အဝေးရောက်နေတာကြောင့် မိသားစုနဲ့ ခွဲခွာနေရပြီး လွမ်းဆွတ်နေရသလို  တစ်ဖက်မှာလည်း တိုင်းပြည်အတွက် တာဝန်ကျေပွန်တဲ့ နိုင်ငံသားတစ်ဦးဖြစ်ခွင့်ရတာ ဂုဏ်ယူစရာပါပဲနော်။

Photo Credit :  Zarni Myo Nyunt's Facebook Account
Photo Credit : Zarni Myo Nyunt's Facebook Account
Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T