ဘုရားဌာပနာထည့်ဖို့အတွက် အမွန်မြတ်ဆုံး အလှူလေးကိုပြုလုပ်ခဲ့ပြီး အလိုချင်ဆုံးဆုကို တောင်းဆုပန်ခဲ့တဲ့ ကျော်ကျော်နန္ဒ

//s9.kh1.co/f3/f38cb876e0901d01f152fa3e3dda27fb30d4c705.jpg
အနုပညာရှင်များ

 ၁၁-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ကျော်ကျော်နန္ဒဟာ အရင်က ပရိသတ်တွေရဲ့ဝေဖန်မှုတွေရရှိခဲ့ပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့ရပ်တည်ချက်ကြောင့် ပရိသတ်အတော်များများရဲ့ ချစ်ခင်အားပေးမှုတွေရရှိနေပြီပဲဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး ကာလလေးမှာလည်း ကျော်ကျော်နန္ဒဟာ ပြည်သူတွေနဲ့အတူ ရပ်တည်ပေးခဲ့ပြီး လူထုလှုပ်ရှားမှုတွေမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ခဲ့သူပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ (၅၀၅ က) ဖြင့် အမှုဖွင့်အရေးယူခံထားရတာကြောင့် ခဏတာ ရှောင်ပုန်းနေခဲ့ရပြီး နေရေးစားရေးအခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပါသေးတယ်။

Photo Credit - Kyaw Kyaw Nanda
Photo Credit - Kyaw Kyaw Nanda

လက်ရှိမှာတော့ စွဲဆိုခံထားရတဲ့ အမှုကနေလည်း လွတ်မြောက်လာခဲ့တာကြောင့် နေအိမ်ကိုပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။ နေအိမ်ပြန်ရောက်လာတဲ့ နောက်ပိုင်းမှာလည်း အရင်လို ဝတ်ပုံစားပုံတွေနဲ့ အနေအထိုင်တွေ ပြောင်းလဲလာခဲ့သလို အလှူအတန်းတွေကို ပိုမိုလုပ်ကိုင်လာတာတွေ့ရပါတယ်။ ယခုမှာလည်း ပရိသတ်တွေချစ်တဲ့ ကျော်ကျော်နန္ဒက ကြည်နူးစရာ အလှူလေးကို ထပ်မံပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

Photo Credit - Kyaw Kyaw Nanda
Photo Credit - Kyaw Kyaw Nanda
Photo Credit - Kyaw Kyaw Nanda
Photo Credit - Kyaw Kyaw Nanda

ဒီတစ်ခါအလှူကတော့ ဗောင်းတော်ချုပ် နဂါးကိုးကောင်ဘုရား ဌာပနာမှာ သူဝတ်ဆင်ထားတဲ့ စိန်နားကပ်လေးကို ချွတ်ပြီး လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုလှူဒါန်းပေးခဲ့တဲ့ ကုသိုလ်အားလုံးအတွက် " အားလုံးအားလုံး အေးချမ်းကျန်းမာဘေးကင်း/ အမြန်ဆုံးလည်း လွတ်မြောက်ကြပါစေဗျ ကုသိုလ်လည်းထပ်တူရကြပါစေ" ဆိုပြီး တောင်းဆုပန်ခဲ့တာ တွေ့ရပါတယ်။ ကျော်ကျောနန္ဒ ပြုလုပ်ခဲ့တဲ့ အလှူလေးကတော့ တွေ့မြင်ကြားသိရသူတိုင်း ကြည်နူးပီတိ ဖြစ်ခဲ့ရပါတယ်။

သတင်း အရင်းအမြစ်Source - Kyaw Kyaw Nanda

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T