ပြန်တွေ့ရချိန်မှာ အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာရှိနေဖို့ပဲ မျှော်လင့်ပါတယ်ဆိုတဲ့ ရွှေသမီး

//s9.kh1.co/07/07c3a8a9dd0611438cf94439181fe09a89196ef7.jpg
အနုပညာရှင်များ

 ၁၁-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ချစ်ဖို့ကောင်းနေတာ.......

ရွှေသမီးကတော့ မြန်မာဇာတ်လမ်းတွေမှာ ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခြင်းကို အခိုင်အမာရရှိထားသူလေး ဖြစ်ပါတယ်။ သူမက ချစ်စရာကောင်းတဲ့အပြုံးတွေကိုလည်း ပိုင်ဆိုင်ထားပြီး လှပတဲ့အသားအရည်ကြောင့် မိန်းကလေးချင်းတောင် ငေးကြည့်ချင်ရလောက်အောင် လှပသူလေး ဖြစ်ပါတယ်။

Photo Credit : ရွှေသမီး - Shwe Tha Mee's Facebook Acc
Photo Credit : ရွှေသမီး - Shwe Tha Mee's Facebook Acc

အနုပညာ ပျိုးခင်းကနေ ပျိုးထောင်ပေးလိုက်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး အခုဆိုရင် အနုပညာလောကမှာ နေရာတစ်နေရာ ရပြီးရပ်တည်နေပါပြီ။ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ "ချည်" ဆိုတဲ့ဇာတ်လမ်းလေးမှာ အနုပညာမောင်နှမတွေဖြစ်တဲ့ နေတိုးနဲ့ သက်မွန်မြင့်တို့နဲ့ ပေါင်းပြီး သရုပ်ဆောင်ထားပြီးနောက်ပိုင်းမှာ ပရိသတ်တွေရဲ့ အားပေးမှုကို ဆက်တိုက်ရရှိလာတာ ဖြစ်ပါတယ်။

Photo Credit : ရွှေသမီး - Shwe Tha Mee's Facebook Acc
Photo Credit : ရွှေသမီး - Shwe Tha Mee's Facebook Acc

ရွှေသမီးက ဖေဖော်ဝါရီလ အစပိုင်းကတည်းက ပြည်သူတွေနဲ့အတူ ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံကာ လမ်းပေါ်ထွက်လှုပ်ရှားမှု တွေမှာ အင်တိုက်အားတိုက်ပါဝင်ကာ အားလုံးနဲ့အတူ ရပ်တည်နေသူလည်း ဖြစ်ပါတယ်.။ခုလက်ရှိဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကြားထဲမှာလည်း ရွေသမီးက ပြည်သူပရိသတ်တွေကို အလှူအတန်းတွေလုပ်ပြီးလည်း ရပ်တည်ပေးခဲ့ပါသေးတယ်။

Photo Credit : ရွှေသမီး - Shwe Tha Mee's Facebook Acc
Photo Credit : ရွှေသမီး - Shwe Tha Mee's Facebook Acc

လတ်တလောမှာတော့ ရွှေသမီးက သူ့ရဲ့ပရိသတ်တွေကို သတိရကြောင်းနဲ့ အခြေနေတွေအားလုံးတည်ငြိမ်လို့ ပြန့်တွေကျတဲ့အချိန်မှာ အားလုံး နေကောင်းကျန်းမာစွာရှိနေဖို့မျှော်လင့်နေကြောင်း သူ့မရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ အခုလိုပဲ မျှဝေဖော်ပြထားခဲ့ပါတယ်။ ”ပြန်တွေ့ရမဲ့အချိန်မှာ အားလုံးနေကောင်းကျန်းမာစွာရှိနေဖို့ဘဲမျှော်လင့်ပါတယ်” ဆိုပြီး ဖော်ပြထားခဲ့တာပါ။

Photo Credit : ရွှေသမီး - Shwe Tha Mee's Facebook Acc
Photo Credit : ရွှေသမီး - Shwe Tha Mee's Facebook Acc

ရွှေသမီးကိုချစ်ကြတဲ့ ပရိသတ်တွေကလည်း သူတို့ချစ်ရတဲ့ မင်းသမီးချောလေး ရွှေသမီးလည်း နေကောင်းကျန်းမာပြီး ဘေးအန္တရာယ်တွေ ကင်းဝေစေဖို့ ကျန်းမာရေးကို ဂရုစိုက်ဖို့ ပြန်လည်ပြီး ပြောဆိုနေခဲ့ကြပါသေးတယ်။

Photo Credit : ရွှေသမီး - Shwe Tha Mee's Facebook Acc
Photo Credit : ရွှေသမီး - Shwe Tha Mee's Facebook Acc
Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T