Idiots Raymond Roomဆိုတဲ့ အခန်းလေးထဲက ရေမွန့်အမှတ်တရပစ္စည်းတွေ အားလုံးနီးပါး အခိုးခံရလို့ စိတ်မကောင်းစွာ အကူအညီတောင်းလာတဲ့ ပရိသတ်တစ်ဦး

//s9.kh1.co/52/525c30db71ce33c09354f2f5c8f8f8920d1b6e9d.jpg
အနုပညာရှင်များ

 ၁၀-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဂီတလောကမှာ အောင်မြင်မှုတွေရရှိပြီးမှ ကွယ်လွန်သွားရှာခဲ့တဲ့ အဆိုတော်ရေမွန်ကို ချစ်တဲ့ပရိသတ်တွေနဲ့ အနုပညာမောင်နုမတွေက အမြဲအမှတ်ရနေခဲ့ပါတယ်။ ရေမွန်ဟာ Idiots Bandရဲ့ ပင်တိုင်အဆိုတော်တစ်ဦးဖြစ်ပြီး တေးသီချင်းများစွာကိုလည်း ထွက်ရှိထားကာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိခဲ့ပါတယ်။ ဇွန်လ (၂၃) ရက်နေ့မှာတော့ လွတ်မြောက်နယ်ကိုရောက်နေရင်း ရုတ်တရက် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=620,q=100/e4/e48ae4fe9a4fc43f6a3593335b3f6e131256ca9d.jpg
https://s9.kh1.co/__image/w=600,h=378,q=100/b3/b35c04d1d5ce84961fe6f67e7559458182996f46.jpg
https://s9.kh1.co/__image/w=600,h=384,q=100/94/942da7d94df80fc9c133786120dc9eabe7991b04.jpg

အသက်(၃၂)နှစ်အရွယ်နဲ့ ကွယ်လွန်သွားခဲ့တဲ့ ရေမွန်အတွက် ချစ်တဲ့ပရိသတ်တွေက အမြဲအမှတ်ရစေဖို့ ရေမွန်ရဲ့ ပုံလေးတွေနဲ့ သီချင်းတွေကို ခန္ဓာကိုယ်ပေါ်တွေမှာ ရေးထိုးထားခဲ့ကြသလို တောင်ကြီးမြို့က ဆိုင်တစ်ဆိုင်မှာဆိုရင်လည်း အမှတ်တရအနေဖြင့် Idiots Raymond Roomဆိုတဲ့ အခန်းလေးတွေလည်း သီးသန့် ပြုလုပ်ပေးထားတာ တွေ့ရပါတယ်။ အဲ့ဒီဆိုင်လေးကိုတော့ ရေမွန်ကိုချစ်တဲ့ ပရိသတ်တွေက မကြာခဏလာရောက်တတ်ကြတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=600,h=270,q=100/b9/b9bfd237158e91c72b569c7c9b4bcaf51721907d.jpg
https://s9.kh1.co/__image/w=600,h=270,q=100/61/61064aac97cc5737c9f85c21e0ae341207cdfb7a.jpg
https://s9.kh1.co/__image/w=600,h=1333,q=100/a4/a4c88700b0b5f4c547924ca7b3a379f84177cf55.jpg

ဒီကနေ့မှာတော့ ရေမွန်ရဲ့ အမှတ်တရပစ္စည်းတွေထားရှိတဲ့ တောင်ကြီးမြို့က Idiots Raymond Roomဆိုတဲ့ အခန်းလေးရဲ့ စိတ်မကောင်းစရာ သတင်းတစ်ခုကို ကြားသိရပါတယ်။ ဒါကတော့ Idiots Raymond Roomဆိုတဲ့ အခန်းလေးမှာထားရှိတဲ့ ရေမွန့်အမှတ်တရပစ္စည်းတွေ အားလုံးနီးပါး အခိုးခံရတာ ဖြစ်ပါတယ်။ "Y Nyein Kywe" Facebook အကောင့် ပိုင်ရှင်က ရေမွန့်အမှတ်တရပစ္စည်းတွေ လာရောင်းတာတွေတွေ့ရှိရင် ဆက်သွယ်ပေးဖို့ အကူအညီတောင်းခံခဲ့ပါတယ်။ဒါ့အပြင် ချစ်ခင်အားပေးခဲ့တဲ့ အဆိုတော် ရေမွန်ရဲ့ အမှတ်တရပစ္စည်းတွေ အခိုးခံရလို့ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်နေကြတာ တွေ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=568,q=100/ce/ceb685d83fa6f05004d855019ddee42e91ef5760.jpg
https://s9.kh1.co/__image/w=600,h=262,q=100/50/508b185e668b103a6f432209659713384eecf4ae.jpg

Photo Credit - Y Nyein Kywe

Source - Y Nyein Kywe

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T