"အကောင်းဆုံးညနေခင်းကို ပိုင်ဆိုင်ဖို့အတွက်''

//s9.kh1.co/f1/f1c48f875e5bd12044a0a781b31448b417114978.jpeg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၀-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

အကောင်းဆုံးညနေခင်းကို ပိုင်ဆိုင်ဖို့အတွက်''

မနက်မိုးလင်းအိပ်ယာထ ပြင်ဆင်စရာရှိတာပြင်ဆင် ကိုယ်လုပ်စရာရှိတာကို လုပ်တာ တစ်နေကုန်သွားပြီဆိုပါတော့။အလုပ်တွေပြီးသွားလို့ ညနေခင်းရောက်လာရင် ဘာတွေလုပ်ကြည့်ကြလဲ။

ဒီတစ်ခေါက်မှာတော့ အကောင်းဆုံးညနေခင်းကို ပိုင်ဆိုင်ဖို့အတွက် လုပ်ကြည့်သင့်တဲ့အရာလေးတွေကို တင်ပြပေးလိုက်ပါတယ်။

Photo Credit - Google
Photo Credit - Google

၁။မနက်ဖြန်အတွက် ပြင်ဆင်ပါ။

မနက်ဖြန်အတွက်ကို မနက်ရောက်လာမှပြင်ဆင်တာမဟုတ်ဘဲ အချိန်လေးအားရင် မနက်ဖြန်အတွက်ဝတ်မယ့်အဝတ်အစားလေးတွေ ရွေးထားတာပဲ ဖြစ်ဖြစ်၊မနက်ဖြန်အတွက် ချက်မဲ့ဟင်းလေးတွေစဥ်းစားတာပဲဖြစ်ဖြစ် စာရွက်ထဲမှာချရေးထားပါ။နောက်ပြီးတော့ ကိုယ်မနက်ဖြန်ဘာလုပ်မယ်ဆိုတာကို စာရွက်ပေါ်မှာ ညနေခင်းကတည်းက ချရေးထားကြည့်ပါ။

Photo Credit - Google
Photo Credit - Google

၂။၁၅ မိနစ်လောက် စာအုပ်ဖတ်ပါ။

ညနေခင်းမှာဆိုရင် ကိုယ်ကြိုက်နှစ်သက်တဲ့ စာအုပ်လေးတွေဖတ်ကြည့်ပါ။ကိုယ်က အလုပ်တွေပြီးသွားတဲ့အတွက် စာအုပ်ပေါ်မှာ အာရုံစူးစိုက်မှုရှိနိုင်ပြီး စာအုပ်မှာပါတဲ့ အကြောင်းအရာများကို ပိုမှတ်မိနိုင်ပါတယ်။ဗဟုသုတလည်းရစေသလို ကိုယ့်စိတ်ကိုလည်း အပန်းဖြေစေနိုင်ပါတယ်။

Photo Credit - Google
Photo Credit - Google

၃။ကိုယ်ကြိုက်နှစ်သက်တဲ့အရာတစ်ခုလုပ်ပါ။

ညနေခင်းပိုင်းမှာ ကိုယ်ကြိုက်တဲ့ တူရိယာလေးတွေ တီးတာပဲ ဖြစ်ဖြစ်၊ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းလေးဆိုတာဖြစ်ဖြစ် တီးလုံးလေးဖွင့်ပြီး ကတာပဲဖြစ်ဖြစ် ပြုလုပ်ပေးပါ။သင်က Yoga ဆော့ရတာ၊Meditation ပြုလုပ်ရတာကြိုက်တဲ့သူဆိုရင်လည်း တိတ်ဆိတ်ငြိမ်သက်တဲ့နေရာ ညနေခင်းမှာပြုလုပ်ကြည့်ပါ။အိမ်ကနေပဲ အလုပ်လုပ်ရတာမျိုးဆိုရင် ညနေခင်းအလုပ်ပြီးသွားတဲ့အခါမှာ အပြင်လေးထွက်ပြီး လမ်းလျှောက်ကြည့်ပါ။ညနေခင်းရဲ့ဆည်းဆာလေးနဲ့ လမ်းလျှောက်ရတာဟာ သင့်ရဲ့စိတ်ကို လန်းဆန်းစေမှာ ဖြစ်ပါတယ်။

Photo Credit - Google
Photo Credit - Google

၄။ကိုယ့်ရဲ့ဘေးမှာ ရေခွက်ထားပါ။

အဲဒါဘာလို့လဲဆိုတော့ ကိုယ်က တစ်နေ့တာလုံးမှာ အလုပ်ဇောနဲ့ ရေသောက်ဖို့ မေ့နေတတ်ကြပါတယ်။ရေကိုသောက်သင့်သလောက် မသောက်တာတွေ ဖြစ်တတ်ပါတယ်။ဒါကြောင့် အလုပ်တွေပြီးသွားလို့ ညနေခင်းရောက်ပြီဆိုတာနဲ့ ရေကို သေချာဂရုစိုက်သောက်ပေးသင့်ပါတယ်။

Photo Credit  _ Google5
Photo Credit  _ Google5

 ၅။တစ်နေ့တာလုံးကိုယ်လုပ်ခဲ့သမျှကို ပြန်စဥ်းစားကြည့်ပါ။

ငါဒီနေ့ ဘာတွေလုပ်ခဲ့လဲ။ဘယ်သူတွေနဲ့တွေ့ခဲ့လဲ။ငါရဲ့စိတ်က ဘယ်လိုရှိခဲ့လဲဆိုတာကို တစ်နေ့တာလုံးလုပ်ခဲ့သမျှ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ဒီနည်းလမ်းက တကယ်တော့အရမ်းအရေးကြီးပါတယ်။ကိုယ်က တကယ်တိုးတက်ချင်ရင် ကိုယ့်ကိုယ်ကို မေးခွန်းတွေ အများကြီးမေးရပါတယ်။ကိုယ်လုပ်ခဲ့သမျှကို ပြန်စဥ်းစားဆင်ခြင်ပြီး သုံးသပ်ရပါတယ်၊၊ဒါကြောင့်မို့ အလုပ်တွေပြီးလို့ ညနေခင်းရောက်ရင် ကိုယ့်ကိုယ်ကို တစ်နေ့တာလုံးလုပ်ခဲ့သမျှကို စဥ်းစားဖို့အတွက် အချိန်ပေးကြည့်ပါ။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T