သိပ္ပံပညာရှင်များ လေ့လာရင်းတွေ့ရှိခဲ့ကြတဲ့ ထူးဆန်းအံ့ဩဖွယ်ရာ အချက်အလက်များ

//s9.kh1.co/92/9234425a07427185ae6afcdd99572ac783865a2b.jpg
ဗဟုသုတအဖြာဖြာ

 ၁၀-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

Minnesotan မှ ဗိသုကာ ပညာရှင်တွေဟာ ကမ္ဘာ့ အငြိမ်သက်ဆုံး အခန်းတစ်ခုကို တည်ဆောက်ခဲ့ပြီး အကြားအာရုံအဆင့် (-9 decibels) အထိကြားနိုင်အောင် စီမံထားပါတယ်။ ဒီလိုမျိုး ထားလိုက်ခြင်းဖြင့် ပုံမှန်ကြားနေကြ အသံတွေမဟုတ်တဲ့ လူ့ခန္ဓာကိုယ်ထဲက အသံတွေ (ဥပမာ နှလုံးခုန်သံ ကြီးတွေ ၊ အစာအိမ်နှင့် အူလမ်းကြောင်း မှ အစာခြေ အသံကြီးတွေ အသက်ရှုသံတွေ) ကိုတောင် ပြန်ကြားနေရပြီး အခန်းထဲရောက်သွားသူတိုင်းဟာ စိတ်ခြောက်ခြားသွားကာ ဘယ်သူမှ မိနစ်နှစ်ဆယ် အထိတောင် မနေနိုင်ကြပါဘူး။

https://s9.kh1.co/__image/w=600,h=404,q=100/1c/1cf3fce1b52f9c45e0623f31fc3794ee8bf0ac6c.jpg

အရွယ်ရောက်သော မိန်းကလေးများဟာ အမှောင်ထဲတွင် ရှက်သွေးဖြာတတ်ပါသလား ဆိုတဲ့ မေးခွန်းကို ဘယ်သူမှ မသိကြပါဘူး။ ဒါပေမယ့်လည်း ဂျာမနီ နှင့် ဒတ်ချ် ပညာရှင်တို့ဟာ မိန်းကလေး တစ်ဦးတည်း ရှိနေတဲ့ အမှောင်ခန်းထဲမှာ မျက်နှာကို အပူချိန်ထောက်လှမ်းတဲ့ ကင်မရာဖြင့် ထောက်လှမ်းပြီး 18+ ဇာတ်လမ်း တစ်ခုဖြင့်စမ်းသပ်ကြည့်ရာမျက်နှာတွင်ရှက်သွေးဖြာသည့် အပူချိန်ကို တွေ့ရသောကြောင့် မိန်းကလေးများသည် အသက်အရွယ် ပေါ်တွင် မှီခိုပြီး အမှောင်ထဲတွင်လည်းတစ်ဦးတည်း ရှက်တတ်ကြောင်းသိရပါတယ်။

https://s9.kh1.co/__image/w=600,h=374,q=100/fd/fdcdc4d2cb01eea22d72a011bae2cb1a47c391ff.jpg

နှစ်သန်းပေါင်း ၂၉၀ ခန့်က ငါးမန်းနှင့် တူတဲ့ Helicoprion ဆိုသောငါးရ‌ဲ့ ကျောက်ဖြစ်ရုပ် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီငါးရဲ့ သွားများဟာ ခရုပါတ်ပုံဖြစ်နေပြီး သိပ္ပံပညာရှင်တို့ စဉ်းစားပုံဖေါ်ဖို့ အလွန် အကြပ်ရိုက်ခဲ့ကြပါတယ်။ နောက်ဆုံး ကွန်ပြူတာ ဂရပ်ဖစ်ဖြင့် ပုံဖေါ်မှုအရ ထိုငါးရဲ့ သွားများဟာ ပါးစပ်ရဲ့ အပြင်၌သာ ရှိနေလိမ့်မယ်လို့ မှန်းဆခဲ့ကြပါတယ်။ ဒါ့အပြင် အဆိုပါငါးဟာ အာရှ ၊ ဥရောပနှင့် တောင်အမေရိက တို့တွင် ကျင်လည်ကျက်စားခဲ့တာလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/fd/fdb51b8731ba6569686def82cdbcfa6b6f0853e3.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T