အပြင်သွားမလို့ဆိုကာ အိမ်ခန်းထဲကနေ ပိုက်ဆံအိတ်နဲ့ ကားသော့လေးကိုကိုင်ပြီး လူကြီးလေးလို ထွက်လာနေတဲ့ ထရက်ရှာလေးရဲ့ အသည်းယားစရာ ဗီဒီယို

//s9.kh1.co/db/db242deddcadaf4b0f0cd2403b2948e101e2ca4a.jpg
အနုပညာရှင်များ

 ၁၀-အောက်-၂၀၂၁ ၈am · လွန်ခဲ့သော ၂ နှစ် က

.

ပရိသတ်တွေရဲ့ မျက်စိရှေ့တင် တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ စန္ဒီမြင့်လွင်ရဲ့ သမီးလေး ထရက်ရှာလေးကတော့ တစ်နေ့ထက်တစ်နေ့ စကားအရမ်းတက်လာပြီး ချစ်စရာကောင်းတဲ့ အမူအရာလေးတွေတောင် လုပ်တတ်နေပြီလည်း ဖြစ်ပါတယ်။ တခါတစ်ရံ လူကြီးလေးတစ်ယောက်လိုမျိုး လုပ်တတ်တဲ့ ပုံစံလေးတွေကြောင့် ဖေဖေမေမေတွေအပြင် ပရိသတ်တွေကလည်း အချစ်ပိုရသူလေးပဲ ဖြစ်ပါတယ်။

Photo Credit - Sanday Myint Lwin
Photo Credit - Sanday Myint Lwin
Photo Credit - Sanday Myint Lwin
Photo Credit - Sanday Myint Lwin

ယခုနောက်ပိုင်းလည်း ထရက်ရှာလေးက မေမေစန္ဒီမြင့်လွင်နဲ့အတူ ကြော်ငြာတွေတောင် ရိုက်ကူးနေရပြီဖြစ်ပါတယ်။ ဒါ့အပြင် မေမေစန္ဒီမြင့်လွင် ဖော်ပြပေးတဲ့ ထရက်ရှာလေးရဲ့ လှုပ်ရှားမှုလေးတွေကလည်း ပရိသတ်တွေအတွက် ချစ်အားပိုစေခဲ့ပါတယ်။ ယခုမှာလည်း ပရိသတ်တွေ အသည်းယားစရာဖြစ်စေမယ့် နောက်ထပ် ဗီဒီယိုဖိုင်လေးတစ်ခုကို ဖေဖေ၊မေမေတို့က ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Sanday Myint Lwin
Photo Credit - Sanday Myint Lwin
Photo Credit - Sanday Myint Lwin
Photo Credit - Sanday Myint Lwin

ဒါကတော့ ထရက်ရှာလေးက အပြင်သွားမလို့ဆိုကာ ပိုက်ဆံအိတ်နဲ့ ကားသော့လေးကိုလက်ကကိုင်ပြီး အိမ်ခန်းထဲကနေ လူကြီးလေးလို အမူအရာလေးတွေနဲ့ ထွက်လာနေတဲ့ပုံစံကို ရိုက်ထားတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။တစ်နေ့တခြား လူကြီးလေးတစ်ယောက်လို ပြုမူလာခဲ့တဲ့ ထရက်ရှာလေးရဲ့ ပုံစံလေးကတော့ ပရိသတ်တွေအတွက် ချစ်အားပိုစေမှာအမှန်ပါ။ ထရက်ရှာလေးရဲ့ ဗီဒီယိုလေးကိုကြည့်ရင်း Myanmarload ပရိသတ်တွေလည်း ချစ်အားပိုအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Thiha Leo

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T