ကမ္ဘာတစ်ဝှမ်းက Disneyland အပန်းဖြေကစားကွင်းတွေရဲ့ အရှိန်အဝါတုနိုင်းမမီအောင် ကြီးကျယ်ခမ်းနားလှပါတယ်။ Disneyland ဆိုတာနဲ့ သူ့ရဲ့ကိုယ်ပိုင်သင်္ကေတအမှတ်တစ်ခုအနေနဲ့ စင်ဒရဲလားရဲတိုက်ကြီးကိုလည်းတပါတည်းတွဲပြီးမြင်ယောင်မိကြမှာအသေအချာပါပဲ။ Disney world နဲ့ Disneyland တည်ထောင်သူ Walt Disney က စင်ဒရဲလားနဲ့ Sleeping Beauty တို့ရဲ့ production တစ်ခုပါ ။
ဒီ production ကိုစတင်တည်ထောင်ခဲ့သူရဲ့ နာမည်လည်းဖြစ်ပါတယ်။ သူ့ရဲ့အမည်အပြည့်အစုံကတော့ Walter Elias Disney ဖြစ်ပါတယ်။ သူဟာဆိုရင် အမေရိကန်နိုင်ငံသားစီးပွားရေး စွမ်းဆောင်ရှင်ဖြစ်ပြီး ကာတွန်းဇာတ်ကောင်ဖန်တီးသူ၊ အသံသရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ လည်းဖြစ်ပါတယ်။ သူဟာ အမေရိကန် animation လောကရဲ့ဦးစီးရှေ့ဆောင်တစ်ဦးဖြစ်ပါတယ်။
သူ့အိပ်မက်တွေတကယ်ဖြစ်လာဖို့အချိန်အတော်ကြာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့ကိုယ်ပိုင် ပိုက်ဆံနဲ့ ဒီပန်းခြံကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ ပထမဆုံးပန်းခြံကိုတော့ 1955ခုနှစ် ဇူလိုင်လ 17 ရက်နေ့က California ပြည်နယ် Anaheim မြို့မှာဖွင့်လှစ်ခဲ့ပါတယ်။
အံ့သြဖို့ကောင်းစွာနဲ့ ပထမဆုံးနှစ်မှာဘဲ အမေရိကန်ပြည်ထောင်စုအနှံ့အပြားနဲ့ ကမ္ဘာတစ်ဝန်းက ဧည့်သည်ပေါင်း ( 5 ) သန်းကျော် လာရောက်လည်ပတ်ခဲ့ကြပြီး သူရဲ့စိတ်ကူးအိပ်မက် Disneyland ဟာ အလွန်အောင်မြင်ခဲ့ပါတယ်။ သူဟာ Disneyland လိုကို ပိုမွန်ကောင်းမွန်ပြီးအဘက်ဘက်ကပြည့်စုံစေချင်ခဲ့ပါတယ်။ ဒီလိုလှပလွန်းလှတဲ့ Disney Land က ပုံရိပ်တွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။