သားဖြစ်သူ Aryan Khan အတွက်လျှောက်ထားတဲ့ အာမခံ အငြင်းခံလိုက်ရတာကြောင့် ငိုကြွေးနေတဲ့မိခင်ဗီဒီယိုဖိုင်

//s9.kh1.co/d0/d0271719fcdda3dab2e686e57c43f310a45a5a01.jpg
အနုပညာရှင်များ

 ၀၉-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၂ နှစ် က

သားဖြစ်သူ Aryan Khan အတွက်လျှောက်ထားတဲ့ အာမခံ အငြင်းခံလိုက်ရတာကြောင့် ငိုကြွေးနေတဲ့မိခင်ဗီဒီယိုဖိုင်

Shah Rukh Khan နှင့် Gauri Khan တို့ရဲ့ သားဖြစ်သူ Aryan Khan ကို မူးယစ်ဆေးဝါးအမှုနဲ့ NBC မှ ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။ Aryan ရဲ့ မိခင် Gauri က သူမသားဖြစ်သူ ထောင်ထဲကနေလွတ်လာဖို့ အသည်းအသန်ကြိုးစားနေပေမယ့်လည်း အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။

Instagram
Instagram

အန်တီ Gauri က တရားရုံးထဲကနေ ငိုလျှက်ထွက်လာပြီး သူမရဲ့ သားဖြစ်သူအတွက်ယူကြုံးမရ ပုံစံဖြစ်နေပါတယ်။ ဗီဒီယိုထဲမှာ အန်တီ Gauri က အင်္ကျီအဖြူရောင်နဲ့ ဂျင်းဘောင်းဘီ အပြာရောင် ဝတ်ထားပါတယ်။ သူမက ကားထဲမှာ ဆက်လက်ငိုကြွေးနေပြီးနောက် ထွက်ခွာသွားပါတယ်။ သားဖြစ်သူ Aryan Khan ရဲ့ အမှုအတွက် အာမခံတင်သွင်းတာ ပယ်ချခံလိုက်ရတာကြောင့် အခုလိုမျိုးဝမ်းနည်းပတ်လတ်ငိုကြွေးနေတာဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။

လက်ရှိမှာတော့ Aryan Khan ကို NBC ကနေ Arthur Road အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီပဲဖြစ်ပါတယ်။ အာမခံရရှိဖို့အတွက် ဆုတောင်းနေကြတဲ့ ပရိသတ်တွေရဲ့ ဆန္ဒကတော့ မပြည့်သွားလိုက်ပါဘူး။ တရားစီရင်ရေးနှင့်ပတ်သတ်ပြီး  နောက်ထပ်ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဆက်လက်ပြီးစောင့်ကြည့်သွားရပါမယ်။ 

Aryan Khan ကို Arthur Road အကျဉ်းထောင်ပို့ဆောင်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးကိုလည်း အောက်မှာကြည့်သွားလို့ရပါတယ်။

တနင်္ဂနွေနေ့က NBC က အပျော်စီးယာဉ်တစ်စီးကို ဝင်ရောက်စီးနင်းခဲ့ပြီး အဲဒီအပျော်စီးယာဉ်မှာ Aryan Khan နှင့် အခြားသူ ၇ ဦးကို မူးယစ်ဆေးသုံးစွဲမှုနှင့် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ 

Instagram
Instagram
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T