ကပ်ရောဂါကာလမှာ အွန်လိုင်းပေါ်မှာတွေ့ရင်း လက်ထပ်လိုက်ကြတဲ့ အဘိုးနှင့်အဘွား

//s9.kh1.co/46/464af7452742934c6657a4a97cd82756c840ff93.jpg
ဗဟုသုတအဖြာဖြာ

 ၀၉-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

ကပ်ရောဂါကာလမှာ အွန်လိုင်းပေါ်မှာတွေ့ရင်း လက်ထပ်လိုက်ကြတဲ့ အဘိုးနှင့်အဘွား

အသက်ကြီးပိုင်း အဘိုးနှင့်အဘွားဖြစ်ကြတဲ့ Jam Adams နှင့် Audrey Coutts တို့ဟာ အွန်လိုင်းပေါ်မှာတွေ့ဆုံရင်း လက်ထပ်လိုက်ကြတာဖြစ်ပါတယ်။ လက်ထပ်လိုက်ကြချိန်မှာ အသက်တွေက ၇၈ နှစ် နှင့် ၇၉ နှစ် အသီးသီးတွေဖြစ်ကြပါတယ်။ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုသာဖြစ်ပြီး အချစ်မှာကန့်သတ်ချက်ဆိုတာ မရှိကြောင်းကို သက်သေပြလိုက်တဲ့ သက်ကြီးပိုင်းမောင်နှံစုံတွဲလေးပါ။

Instagram
Instagram
Instagram
Instagram
Instagram
Instagram

အဘိုး Jim Adams က အဘွား Audrey Coutts နဲ့ ကပ်ရောဂါကာလ အပြင်မထွက်ရတဲ့ အချိန်မှာ အွန်လိုင်းပေါ်မှာ တွေ့ဆုံခဲ့တာပါ။ ၈ လတိတိအချစ်ဇာတ်လမ်းလေးတွေ ဖြစ်ပြီးတဲ့နောက် စက်တင်ဘာလ ၂၅ ရက်နေ့မှာ လက်ထပ်ခဲ့ကြပါတယ်။ သက်ကြီးပိုင်းနှစ်ယောက်ရဲ့ မင်္ဂလာပွဲလေးဖြစ်လို့ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာဓာတ်ပုံလေးဟာ အင်တာနက်ပေါ်မှာ အရမ်းကိုလူပြောများလျှက်ရှိပါတယ်။

Instagram
Instagram

Jim Adams က ပန်းချီဆရာ အငြိမ်းစား ပါမောက္ခကြီးတစ်ယောက်ပါ။ အဘိုးရဲ့ ဇနီးသည်က လက်ထပ်ပြီး ၃၈ နှစ်အကြာ ၂၀၁၇ ခုနှစ်မှာ ကွယ်လွန်ထားတာဖြစ်ပါတယ်။ ကပ်ရောဂါကာလမှာ အဘက အသက်ကြီးပိုင်း ၅၀ ကျော်တွေအတွက် သီးသန့်လုပ်ထားတဲ့ မိုလ်ဘိုင်းအက်ပလီကေးရှင်းတစ်ခုမှာဝင်ရောက် ပါဝင်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ အဲဒီကနေ Audrey လို့ခေါ်တဲ့ အသက် ၇၉ နှစ်အရွယ် အာမခံလုပ်ငန်းလုပ်ကိုင်သူပင်စင်စား အဘွားနဲ့ဆုံတွေ့ခဲ့တာပါ။ အဘွားက အသက် ၃၃ နှစ်အရွယ်မှာ ကွာရှင်းထားတဲ့သူဖြစ်ပါတယ်။

Instagram
Instagram

အဘိုးနဲ့အဘွားတို့ဟာ  Dating App လေးပေါ်မှာဆုံတွေ့ကြရင်း အချင်းချင်း ချစ်ကြည်နူးစရာလေးတွေ ပြော ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ အခုလိုမျိုးလက်ထပ်ဖြစ်သွားကြတာလို့သိရပါတယ်။အဘိုးနှင့်အဘွားတို့ရဲ့  မင်္ဂလာဆောင် ဓာတ်ပုံတွေဟာ Twitter နှင့် Swiftly တို့မှာအရမ်းကိုရေပန်းစား နာမည်ကြီးလျှက်ရှိပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T