သာကေတ ကျူး သက်ကြီးရွယ်အို အဖိုးအဖွားတွေအတွက် အိမ်ထောင်စု ၁၈၅ စု ကို ထပ်မံလှူဒါန်း ပေးလိုက်ပြန်တဲ့ ဝေဠုကျော်

//s9.kh1.co/20/208ba0b142c5a6961c2ac7eb93e6664777c57fad.jpg
အနုပညာရှင်များ

 ၀၉-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

မွန်မြတ်သော ဒါနကုသိုလ်ပါ ........

ပရိသတ်တွေရဲ့အချစ်တော် ပရဟိတမင်းသား ဝေဠုကျော်ကတော့ အောက်တိုဘာလ (၁၀) ရက်နေ့မှာ သာကေတမြို့နယ် ရှိ ကျူး အိမ်ထောင်စုနှင့် အခြားရပ်ကွက်မှ သက်ကြီး ရွယ်အိုအဖိုးအဖွားတွေအတွက် စုစုပေါင်း အိမ်ထောင်စု ၁၈၅ စုကို လှူဒါန်းပေးခဲ့ပါတယ်။

Photo Credit : Wai Lu Kyaw Foundation’s Fb page
Photo Credit : Wai Lu Kyaw Foundation’s Fb page

ဝေဠုကျော်ကတော့ ပြည်သူတွေဘာလိုအပ်နေလဲဆိုတာကို အချိန်တိုင်းကြည့်နေသလား ထင်မှတ်ရလောက်အောင်ကို ကာလအလိုက် ပြည်သူတွေမှာလိုအပ်နေတာတွေကို လိုက်လံလှူဒါန်းပေးနေခဲ့သူပါ။

Photo Credit : Wai Lu Kyaw Foundation’s Fb page
Photo Credit : Wai Lu Kyaw Foundation’s Fb page

လတ်တလောအခြေအနေတွေကြောင့် သက်ကြီး ရွယ်အိုအဖိုးအဖွားတွေမှာ စားဝတ်နေရေး ခက်ခဲနေခဲ့တဲ့အတွက် ဝေဠုကျော်က အခြေခံစားသောက်ကုန်တွေ လှူဒါန်းပေးနေတာဖြစ်ပါတယ်။ အခုလည်း သက်ကြီး ရွယ်အိုအဖိုးအဖွားတွေ အတွက်ပုဇွန်ကျော့ ၄၀သားခန့်၊ ဆန် ၂ပြည်၊ ဆီ ၃၀သား၊ ကြက်သွန်နီ ၁ပိဿာ တို့ကို သွားရောက် ကူညီထောက်ပံ့ ပေးခဲ့ပါတယ်။

Photo Credit : Wai Lu Kyaw Foundation’s Fb page
Photo Credit : Wai Lu Kyaw Foundation’s Fb page
Photo Credit : Wai Lu Kyaw Foundation’s Fb page
Photo Credit : Wai Lu Kyaw Foundation’s Fb page

ဝေဠုကျော်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ" ရေထရက်ဆိုတော့ ပုဇွန်တွေအတက်များလို့ ပုဇွန် လှူပေးဖြစ်ပါတယ်။ ဒီနေ့တော့ တစ်ရပ်ကွက်လုံး နဲ့အတူ ကျနော်တို့ အဖွဲ့လည်းပုဇွန်ဟင်း၊ ပုဇွန်ချဉ်၊ ပုဇွန်ကြော်၊ ပုဇွန်အစိမ်းသုပ် တစ်​ယောက်တစ်မျိုး စားချင်တာ အကုန်စီစဉ်ဖို့ ခါးအညောင်း ပုဇွန်ခြွေကြရတာ ပါပဲဗျာ။

ဒီနေ့အလှူရှင်ကတော့ မတည်အလှူရှင် မနှင်းယုအောင်ခေတ္တ USA ရဲ့ မွေးနေ့အလှူ နှင့် ၇ရက်သားသမီး အလှူရှင်များ ဖြစ်ပါတယ်။ အလှူရှင်များအား ကျေးဇူးအထူးတင်ရှိပါတယ်။ ကုသိုလ်အမျှဝေလို့ ကုသိုလ်ထပ်တူရကြပါစေ။" ဆိုပြီး (၇)ရက်သားသမီးအကုန်လုံး ထပ်တူထပ်မျှကုသိုလ်ရရှိစေဖို့လည်းပြောထားပါသေးတယ်။

Photo Credit : Wai Lu Kyaw Foundation’s Fb page
Photo Credit : Wai Lu Kyaw Foundation’s Fb page
Photo Credit : Wai Lu Kyaw Foundation’s Fb page
Photo Credit : Wai Lu Kyaw Foundation’s Fb page
Photo Credit : Wai Lu Kyaw Foundation’s Fb page
Photo Credit : Wai Lu Kyaw Foundation’s Fb page
Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T