PPE ဝတ်ကာ မီးသင်္ဂြိုဟ်တဲ့ နေရာအထိ Dead Body တွေကို အစအဆုံး ကူညီလုပ်ဆောင်ပေးခဲ့တဲ့ ဆရာတော် ဦးသုစရိတ နှလုံးနဲ့ ကျောက်ကပ် ရောဂါကုသမှုခံယူနေရ

//s9.kh1.co/67/670c8640389ffedcbe70bcc70c026f127541a377.jpg
နေ့စဉ်သတင်းများ

 ၀၉-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဆရာတော် အမြန်ဆုံး ကျန်းမာလာပါစေ ....

ကိုဗစ်တတိယလှိုင်းမှာ ပြည်သူ့အသက်တွေ အမြောက်အများ ဆုံးရှုံးခဲ့ရပြီး Dead Body တွေကလည်း သုသာန်မှာ မီးသဂြိုလ်ဖို့မနိုင်တော့တဲ့အထိ ပုံနေတဲ့ အထိကို ဖြစ်ခဲ့ပါတယ်။ ပြည်သူတွေဒုက္ခရောက်နေချိန်မှာ သံယာတော်တွေဟာလည်း ပြည်သူတွေကို သူတို့တတ်နိုင်တဲ့ ဘက်ကနေ ကူညီပေးခဲ့ကြပါတယ်။ ဆရာတော်ဦးသုစရိတဟာလည်း ကိုဗစ်ရောဂါနဲ့ ဆုံးပါးသွားတဲ့ ရုပ်အလောင်းတွေကို သုသာန်သို့ ကိုယ်တိုင်ပို့ပေးခဲ့သလို သရဏဂုံတင်ပေးတာတွေလည်း ပြုလုပ်ပေးခဲ့တဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။

Photo Credit : 36 Myanmar Channel
Photo Credit : 36 Myanmar Channel

ဆရာတော်ဦးသုစရိတဟာ ယခင်ကတည်းက ပညာရေးနဲ့ လူမှုရေးတွေကို စွမ်းစွမ်းတမံ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ သာသနာ့အကျိုးကို ထမ်းဆောင်နေရတဲ့ ဘုရားသားတော်တစ်ပါး ဖြစ်ပေမယ့်လည်း ကပ်ရောဂါကို ဆိုးဆိုးရွားရွား ခံစားနေရတဲ့ ပြည်သူတွေအတွက် ကူညီလုပ်ကိုင်ပေးလာခဲ့ပါတယ်။

Photo Credit : 36 Myanmar Channel
Photo Credit : 36 Myanmar Channel
Photo Credit : 36 Myanmar Channel
Photo Credit : 36 Myanmar Channel

ပရဟိတဆရာတော်ဦးသုစရိတက လက်ရှိမှာ ကျန်းမာရေးအရ နှလုံးနဲ့ ကျောက်ကပ် ရောဂါကုသမှုခံယူနေရတာဖြစ်တယ်လို့ စိတ်မ​ကောင်းစွာကြားသိရပါတယ်။

"နှလုံးရောဂါကမပျောက်သေးဘူး ။အခု ကျောက်ကပ်ရောင်ပြီး အသည်းကအဆီဖုံးပြန်ပြီ။ငါလုပ်ချင်တဲ့ ပရဟိတအလုပ်တွေက မပြီးသေးဘူး" လို့ ရောဂါနဲ့ပတ်သက်လို့ဆရာတော်က လူမူကွန်ယက်မှာရေးသားခဲ့ဖူးပါတယ်။

Photo Credit : 36 Myanmar Channel
Photo Credit : 36 Myanmar Channel

ဆရာတော်ကရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် အမှတ်(၁၀၈)ရပ်ကွက်မှာရှိတဲ့ ကန်ဦးလူမှုကူညီရေး အသင်း(ရန်ကုန်)ရဲ့ ဦးဆောင်သူ ဖြစ်ကာ PPE ဝတ်စုံ ဝတ်ဆင်ပြီး နေ့စဉ် COVID-19 ကာကွယ်ရေးအတွက် ရှေ့တန်းမှ ဆောင်ရွက်ပေးနေတဲ့ ဆရာတော် တစ်ပါးဖြစ်ပါတယ်။ ပြည်သူတွေကတော့ဆရာတော်အမြန်ဆုံး ကျန်းမာလာစေဖို့ ဆုတောင်းပေး နေကြပါတယ်။

Photo Credit : 36 Myanmar Channel
Photo Credit : 36 Myanmar Channel
Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T