လူအများရဲ့စိတ်ဝင်စားခြင်းခံနေရတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး မြေအောက်လမ်းကူး လူသွားဥမင်

//s9.kh1.co/df/df64b1ad663a494da275094da6fed617d1e8b0bb.jpg
ဗဟုသုတအဖြာဖြာ

 ၀၉-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ဆောက်ထားတာတော့တကယ်အမိုက်စားပဲ...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်အနီး ပြည်လမ်း အောက်တွင် တည်ဆောက်ထားသော မြေအောက်လမ်းကူး လူသွားဥမင် တည်ဆောက်ရေးလုပ်ငန်းဟာ ယခုအခါ ပြီးစီးသွားခဲ့ပြီးအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Photo Credit From အိမ်-Home
Photo Credit From အိမ်-Home

အဆိုပါ ဥမင်ကို ရွှေတောင် ကုမ္ပဏီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ပူးတွဲတာဝန်ယူ တည်ဆောက်ခြင်းဖြစ်ပါတယ်။ဒီ ဥမင်ကို (၂၀၂၀) ခုနှစ်၊ဖေဖော်ဝါရီ (၂၄) ရက် တွင် ပန္နရိုက် စတင်ဆောက်လုပ်ခဲ့ပြီး (၂၀၂၀) နိုဝင်ဘာလတွင် လုပ်ငန်းများ အားလုံးပြီးဆုံးရန် ခန့်မှန်းထားခဲ့သော်လည်း ယခု (၂၀၂၁) မှာ တည်ဆောက်ပြီးစီးသွားခဲ့တာဖြစ်ပါတယ်။

Photo Credit From အိမ်-Home
Photo Credit From အိမ်-Home

၎င်းစီမံကိန်းတစ်ခုလုံးအတွက် ငွေကြေး (၁၂၆) သန်း အကုန်ကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။မြေအောက်လမ်းကူး လူသွား ဥမင်ကို သံကူကွန်ကရစ်အမျိုးအစားဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ပင်မ ဥမင်အလျား (၄၂၇) ပေ (၂) လက်မ၊ ဥမင်အမြင့် (၁၁) ပေ၊ ဥမင်ခန်းဖွင့် အကျယ်ဟာ ပေ (၄၀) ရှိတယ်လို့ သိရပါတယ်။ ဥမင်အတွင်း လူသွားလမ်း အကျယ်ကို (၁၉) ပေ (၈) လက်မအထိ ထားရှိပေးမှာဖြစ်ပြီး တစ်နာရီလျှင် လူဦးရေ (၆၀၀၀) ခန့် ဖြတ်သန်းသွားလာ နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

Photo Credit From အိမ်-Home
Photo Credit From အိမ်-Home

ဥမင်အတွင်း အတက် အဆင်းပြုလုပ်ရန် ရွေ့လျား စက်လှေကား သုံးစင်းနှင့် မသန်စွမ်းသူများ အသုံးပြုရန် လူ (၈) ယောက်စီး ဓာတ်လှေကား နှစ်စင်းကို ထည့်သွင်းတည်ဆောက်ထားပြီး၊ ဖြတ်သန်းသွားလာသူများ အတက် အဆင်း အဆင်ပြေချောမွေ့စေရေးအတွက် ဥမင်လျှောစောက်ကို (၃၀) ဒီဂရီ သတ်မှတ်ထား​ပါတယ်။ဒါ့အပြင် ဥမင်အတွင်းမှာ (၁၀) ပေ ပတ်လည် ဆိုင်ခန်း(၁၈) ခန်းခန့်ကိုလည်း ထည့်သွင်းတည်ဆောက်ထားတယ်လို့ သိရပါတယ်။

Photo Credit From အိမ်-Home
Photo Credit From အိမ်-Home

မီးဘေးအန္တရာယ် ကာကွယ်ရေး၊ အရေးပေါ်အခြေအနေ ကယ်ဆယ်ရေး၊ လုံခြုံရေးဆိုင်ရာ sensor များ၊ ကင်မရာများ တပ်ဆင်ထားရှိပြီး ၎င်း မြေအောက်လမ်းကူး လူသွားဥမင်သည် အများပြည်သူအတွက် အကျိုးကျေးဇူး များစွာရရှိစေနိုင်မည့် အဆောက်အဦး တစ်ခုဖြစ်သည်သာမက ရန်ကုန်မြို့တော်ရဲ့ တိုးတက်လာတဲ့ ပြယုဂ် တစ်ခုလည်း ဖြစ်ပါတယ်။

Photo Credit From အိမ်-Home
Photo Credit From အိမ်-Home
Photo Credit From အိမ်-Home
Photo Credit From အိမ်-Home
Photo Credit From အိမ်-Home
Photo Credit From အိမ်-Home
Photo Credit From အိမ်-Home
Photo Credit From အိမ်-Home
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T