မိခင်နဲ့ ပြန်လည်ဆုံတွေ့ဖို့ ကူညီပေးခဲ့တဲ့ သစ်တောအရာရှိတွေရဲ့နောက်ကို မြူးထူးပျော်ရွှင်စွာ လိုက်သွားခဲ့တဲ့ ဆင်ကလေးရဲ့ ရုပ်သံဖိုင်

//s9.kh1.co/22/2241f1a71a1aa4596b1aad6b5ea314dc627fe956.jpg
နေ့စဉ်သတင်းများ

 ၀၈-အောက်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခါမှာတော့ လူတိုင်းချီးမွမ်းခြင်းကိုခံရပြီး အချိန်အတိုတွင်း လူမှုကွန်ယက်မှာ ကြည့်ရှုသူများခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုကို ပရိသတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ အိန္ဒိယနိုင်ငံ တမီးလ်နာဒူးမှာ သစ်တောအရာရှိများက လသားအရွယ် ဆင်လေးတစ်ကောင်ကို ကယ်တင်ခဲ့ပြီး မိခင်နှင့်ပြန်လည်ဆုံစည်းရန် တောအုပ်ထဲကို ခေါ်ဆောင်လာခဲ့တဲ့ ကြည်နူးစရာ ရုပ်သံဖိုင်တစ်ခုပဲ ဖြစ်ပါတယ်။

Photo Credit - The Hans india
Photo Credit - The Hans india

ဒီဖြစ်ရပ်လေးကတော့ အောက်တိုဘာ (၇) ရက်နေ့တွင် အိန္ဒိယသစ်တော ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဟာ တောအုပ်အတွင်း မြေတွင်းထဲသို့ တစ်ကောင်းထဲကျနေတဲ့ လသားအရွယ်ဆင်းလေးကို ကယ်ထုတ်ခဲ့ပါတယ်။ အဆိုပါ ဆင်လေးကတော့ တွင်းထဲကျခဲ့တဲ့ အရှိန်ကြောင့် ဒဏ်ရာအနည်းငယ်ရရှိခဲ့လို့ သစ်တောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဆေးကုသပေးခဲ့တယ်လို့ သိရပါတယ်။

Photo Credit - The Hans india
Photo Credit - The Hans india
Photo Credit - The Hans india
Photo Credit - The Hans india

ဆေးကုသပေးပြီးနောက် သစ်တောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့သားတွေက ဆင်ကလေးရဲ့ မိခင်နှင့် ပြန်လည်ဆုံတွေ့နိုင်အာင် တောအုပ်အတွင်းကို ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ အဲ့ဒီဆင်လေးဟာ လူတွေကို ကြောက်ရွံ့နေခြင်းမရှိတဲ့အပြင် မိခင်ကိုပြန်လည်တွေ့ရဖို့ သစ်တောအရာရှိတွေရဲ့ အနောက်ကနေ မြူးထူးပျော်ရွှင်နေတဲ့ ပုံစံနဲ့ လမ်းလျှောက်ပြီး လိုက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီမြင်ကွင်းတွေကတော့ ကြည့်ရသူတိုင်း ဆင်လေးအား ချစ်အားပိုစေခဲ့ပြီး ဆင်ကလေးကို မိခင်နှင့် ပြန်လည်ဆုံတွေ့နိုင်အောင် ကြိုးစားပေးခဲ့တဲ့ သစ်တောအရာရှိအဖွဲ့ကိုလည်း ပြည်သူတွေက ချီးမွမ်းပေးခဲ့ကြပါတယ်။

သတင်း အရင်းအမြစ်Source - The Hans india

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T