ကိုယ်ဝန်ရှိနေပြီလို့ ကြေညာလိုက်တဲ့ Wonder Girls အဖွဲ့ဝင်ဟောင်း Hyerim

//s9.kh1.co/f5/f5f46a8f4aaf6a0a9318ad215baf0b94a662da7f.webp
အနုပညာရှင်များ

 ၀၈-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

ကိုယ်ဝန်ရှိနေပြီလို့ ကြေညာလိုက်တဲ့ Wonder Girls အဖွဲ့ဝင်ဟောင်း Hyerim

ဒီကနေ့အောက်တိုဘာလ ၈ ရက်နေ့မှာ Wonder Girls အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Hyerim က သူမမှာ ပထမဆုံးရင်သွေးလေး ကိုယ်ဝန်လွယ်ထားရပြီ ဖြစ်ကြောင်း ၊ ဒါကြောင့်သူမအမျိုးသားနှင့်သူမ အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားနေကြကြောင်း ၊ အိမ်မက်တစ်ခုလိုမျိုး ခံစားမိနေကြောင်း ၊ ဒီပျော်ရွှင်ဖို့ကောင်းတဲ့ ခံစားချက်လေးကို ပရိသတ်တွေနဲ့အတူတူဝေမျှချင်ကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးတင်ထားပါတယ်။

Photo - Google
Photo - Google

Hyerim က ဘွဲ့ရပြီးရင် ကလေးယူမယ်လို့ အရင်တည်းကရှင်းပြထားဖူးပြီး အခုကလေးလေးကိုလည်း မတ်လမှာမွေးဖွားနိုင်ဖို့ ဇွန်လ ကတည်းက စတင်ပြင်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။ သူမစီစဉ်ထားတဲ့အတိုင်း အချိန်ကွက်တိ ဖြစ်လာခဲ့လို့လည်း တော်တော်ဝမ်းသာမိကြောင်း ဆိုထားပါသေးတယ်။

Photo - Google
Photo - Google

ကလေးလေးအတွက် အကြိုနာမည်လေးကို Sarangie (ဆားရားငဲ) ကိုရီးယား အဓိပ္ပါယ် အချစ် လို့နာမည်ပေးထားတယ်လို့လည်း ထပ်ဆောင်းပြောထားပါတယ်။

Photo - Google
Photo - Google

နိဂုံးချုပ်မှာတော့ “ကျွန်မအခု ကိုယ်ဝန်ရတဲ့သတင်းလေးကို ပရိသတ်တွေနဲ့အတူ ဝေမျှခွင့်ရတာအရမ်းကိုပျော်ပါတယ်။” လို့ပြောထားပြီး သူမ အမျိုးသားကလည်း “ကျွန်တော်တို့ တာဝန်ကျေတဲ့ အဖေ နဲ့ အမေ ဖြစ်လာဖို့အတွက် အကောင်းဆုံး ကြိုးစားသွားမှာပါ” လို့ဆိုထားပါသေးတယ်။

Photo - Google
Photo - Google
Photo - Google
Photo - Google

Hyerim က တိုက်ကွန်ဒိုကစားသမား Shin Min Chul နဲ့ ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ စတင်တွဲခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇူလိုင်မှာလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ ဂုဏ်ယူပါတယ်ကောင်မလေးရေ ချစ်ရသူနဲ့အတူတူ လှပတဲ့ မိသားစုလေး တည်ထောင်နိုင်ပါစေနော် ။

Photo - Google
Photo - Google

ကိုယ်ဝန်ရှိနေတာနဲ့ပတ်သတ်ပြီး ကြေညာထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း အောက်မှာဝင်ကြည့်သွားလို့ရပါတယ်နော် ။ 

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T