ပျင်းနေတဲ့အခါ တခြားအတွေးဆိုးတွေ မဝင်အောင် ဘယ်လိုလုပ်ကြမလဲ။

//s9.kh1.co/b6/b6ae715af01f4b828b37afbb3832d4be9efa5da6.jpeg
အနုပညာရှင်များ

 ၀၈-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ပျင်းနေတဲ့အခါ တခြားအတွေးဆိုးတွေ မဝင်အောင် ဘယ်လိုလုပ်ကြမလဲ။

လူတိုင်းမှာ ပျင်းလိုက်တာ ဆိုပြီး ပြောတတ်ကြတဲ့အချိန်တွေရှိပါတယ်။ပျင်းလိုက်တာဟာ ကြာလာရင် သင့်ကို စိတ်ညစ်ညူးစေနိုင်ပါတယ်။အတွေးတွေ အရမ်းများလာတတ်ပြီး ငါက ဘာမှအသုံးမဝင်တော့ဘူးလားဆိုပြီး ထင်ကောင်းထင်နိုင်တတ်ပါတယ်။လူက ဘာမှလုပ်စရာမရှိရင် စိတ်ဓာတ်တွေကျတတ်ပြီး အတွေးဆိုးတွေ ဝင်ရောက်လာနိုင်ပါတယ်။သင့်အနေနဲ့ အတွေးဆိုးတွေ ဝင်မလာအောင် သင်ပျင်းနေတဲ့အချိန်မှာ ဘာတွေလုပ်သင့်လဲဆိိုတာကို ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Google
Photo Credit - Google

၁။ဝါသနာပါရာတစ်ခုခုလုပ်ကြည့်ပါ။

ကိုယ်က ပန်းချီဆွဲရတာဝါသနာပါရင် ပန်းချီဆွဲတာဖြစ်ဖြစ်၊ဂစ်တာတီးရတာဝါသနာပါရင် ဂစ်တာတီးနေတာပဲဖြစ်ဖြစ် တစ်ခုခုတော့လုပ်ကြည့်ပါ။

Photo Credit - Google
Photo Credit - Google

၂။အစားအသောက်ကောင်းကောင်းလေးတွေစားပါ။

တစ်ချို့ Foody လေးတွေက ပျင်းလာတာနဲ့ အစားကောင်းကောင်းလေးတွေကို စားလိုက်ခြင်းအားဖြင့် အပျင်းပြေတယ်လို့ဆိုကြပါတယ်။သင့်အနေနဲ့ ဟင်းချက်ဝါသနာပါတဲ့သူဆိုရင် ကောင်းကောင်းလေးတစ်ခု ချက်စားကြည့်လိုက်ပါ။

Photo Credit - Google
Photo Credit - Google

၃။ အိပ်ရေးဝအောင်အိပ်ပါ။

ပျင်းတယ်ဆိုပြီးတော့ သင့်စိတ်ကို အလိုလိုက်မနေပါနဲ့ ။တစ်နေ့တစ်နေ့ အိပ်ချိန်မှန်အောင် နောက်ပြီးတော့ အိပ်ရေးဝအောင် အိပ်ကြည့်ပါ။

Photo Credit - Google
Photo Credit - Google

 ၄။ လေ့ကျင့်ခန်းလုပ်ပါ။

ပျင်းတဲ့စိတ်မဖြစ်လာအောင် မနက်ခင်းမှာလမ်းလျှောက်တာတို့၊Yoga ကျင့်တာတို့ကို လုပ်ပါ။သင့်အနေနဲ့လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် ကိုယ်ခန္ဓာကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်​စေသလို သင့်ရဲ့စိတ် Emotion အတွက်လည်း အများကြီး အထောက်အကူဖြစ်စေပါတယ်။

Photo Credit - Google
Photo Credit - Google

၅။ကောင်းကောင်းအနားယူပါ။

ပျင်းရိတာနဲ့ ကောင်းကောင်းအနားယူတာနဲ့ မတူပါဘူး။သင့်အနေနဲ့ ကောင်းကောင်းအနားယူတော့မယ်ဆိုရင် တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာ အနားယူတာဖြစ်ဖြစ်၊ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အတူအချိန်ဖြုန်းတာပဲ ဖြစ်ဖြစ်၊ကိုယ့်ရဲ့ Career အတွက် အရေးပါမဲ့သင်တန်းကို တက်တာမျိုးဖြစ်ဖြစ် ပြုလုပ်ကြည့်ပါ။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T