လိုအပ်နေတဲ့သူတွေအတွက် ရက်အနည်းငယ်မျှ စိတ်အေးချမ်းသာသွားရအောင် ကြည်နူးပီတိဖြစ်စရာ အလှူလေးကို ပြုလုပ်ခဲ့တဲ့ ဖြိုးလေးနဲ့ဝါဆိုမိုးဦး

//s9.kh1.co/48/480ac7bdd2a699a2d8be579bf4772bb552b50b18.jpg
အနုပညာရှင်များ

 ၀၈-အောက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

စိတ်တူကိုယ်တူနဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေကြတဲ့ ဖြိုးလေးနဲ့ဝါဆိုမိုးဦးတို့စုံတွဲကတော့ ပရိသတ်တွေရဲ့ လေးစားအားကျနေရတဲ့ စုံတွဲတွေထဲမှာ အပါအဝင်ပဲဖြစ်​ပါတယ်။ အောင်မြင်မှုကိုယ်စီရရှိထားတဲ့ သူတို့နှစ်ယောက်ဟာ ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူ အနုပညာလောကမှာ အကောင်းဆုံးရပ်တည်နေကြပြီး ချစ်သူဘဝလေးနဲ့ပဲ ပျော်ပျော်ရွှင်ရွှင် လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။

Photo Credit- War So Moe Oo
Photo Credit- War So Moe Oo
Photo Credit- War So Moe Oo
Photo Credit- War So Moe Oo

နွေဦးတော်လှန်ရေး လှုပ်ရှားမှုကာလလေးမှာလည်း သူတို့နှစ်ဦးဟာ ပြည်သူတွေနဲ့အတူ ရပ်တည်ပေးခဲ့ပြီး တက်ကြွစွာ ပါဝင်ခဲ့တာလည်းတွေ့ရပါတယ်။ ဒါ့အပြင် ခက်ခဲနေကြတဲ့အချိန်လေးမှာလည်း ဆင်းရဲနွမ်းပါးတဲ့ သူတွေကို တတ်နိုင်သလောက် လှူဒါန်းပေးခဲ့တာလည်း ရှိပါတယ်။ ယမန်နေ့ကလည်း ဖြိုးလေးနဲ့ဝါဆိုမိုးဦးတို့စုံတွဲက မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကို ထပ်မံပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit- War So Moe Oo
Photo Credit- War So Moe Oo
Photo Credit- War So Moe Oo
Photo Credit- War So Moe Oo
Photo Credit- War So Moe Oo
Photo Credit- War So Moe Oo
Photo Credit- War So Moe Oo
Photo Credit- War So Moe Oo

ဒီတစ်ခါမှာလည်း ဖြိုးလေးနဲ့ဝါဆိုမိုးဦးတို့နှစ်ယောက်က ကျူးကျော်ရပ်ကွက်ထဲမှာ နေထိုင်ကြတဲ့ မိသားစုတွေအတွက် ရက်အနည်းငယ် စိတ်အေးချမ်းသာအောင် လိုအပ်နေတဲ့ အခြေခံစားသောက်စရာတွေကို မျှဝေလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ လှူဒါန်းပေးခဲ့တဲ့ စားသောက်ကုန်တွေကတော့ ဆန် ၊ ဆီ အပြင် ကြက်ဥများပါ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ ပါလာတဲ့ အလှူပစ္စည်းလေးတွေကို တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံလှူဒါန်းပေးခဲ့တဲ့ ဖြိုးလေးနဲ့ဝါဆိုမိုးဦးတို့နှစ်ယောက်ရဲ့ မြင်ကွင်းတွေကတော့ တကယ့်ကို ကြည်နူးပီတိ ဖြစ်ရပါတယ်။

Photo Credit- War So Moe Oo
Photo Credit- War So Moe Oo
Photo Credit- War So Moe Oo
Photo Credit- War So Moe Oo
Photo Credit- War So Moe Oo
Photo Credit- War So Moe Oo

သတင်း အရင်းအမြစ်Source - War So Moe Oo

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T